ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အကျဥ်းထောင်မှလွတ်မြောက်လာတော့မယ့် Seungri

BIGBANG အဖွဲ့ဝင် Seungri ကတော့ မကြာမီမှာ ထောင်မှ လွတ်မြောက်လာတော့မှာဖြစ်ပါတယ်။
သူ့ရဲ့ ရာဇ၀တ်မှု ထင်ရှားလာချိန်မှာတော့ နိုင်ငံတကာကို တုန်လှုပ်ချောက်ချားသွားစေခဲ့တဲ့ Seungri ဟာ ဖေဖော်ဝါရီ ၁၁ ရက်မှာ ထောင်က လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။
Seungri ကို ပြီးခဲ့တဲ့ မေလက တောင်ကိုရီးယား တရားရုံးချုပ်က ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ချမှတ်ခဲ့တာပါ။ Seungri နောက်ဆုံး စီရင်ချက်ချပြီးနောက် စစ်တပ်မှ အရပ်သားထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပါတယ်။
YouTube မှာ သူရဲ့လှုပ်ရှားမှုတွေကို ချက်ချင်းပြန်စသွားမလားလို့ အချို့က တွေးနေကြပေမဲ့လည်း လှုပ်ရှားမှုတွေပြန်မစမီ လူအများက ရန်လိုမှုနည်းသွားသည်အထိ တိတ်တဆိတ် နေထိုင်နေလိမ့်မည်ဟူ၍ တချို့ကလည်း ထင်မြင်ချက်ပေးထားကြပါတယ်။
Seungri ဟာ တရားမဝင် ပြည့်တန်ဆာ တောင်းခံမှု၊ တရားမဝင် ပြည်ပလောင်းကစားမှု၊ တရားမဝင် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ ပျံ့နှံ့မှု၊ အလွဲသုံးစားပြုမှု၊ ခြိမ်းခြောက်မှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့ အပါအဝင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ရာဇ၀တ်မှု ၉ ခုဖြင့် တရားစွဲဆိုခံခဲ့ရတာပါ။
Seungri ဟာ သူ့ရဲ့ကနဦး စစ်ခုံရုံးရုံးတင် စစ်ဆေးမှုအတွင်း စွဲချက် ၉ ချက်စလုံးမှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပေမဲ့လည်း အယူခံဝင်ပြီးနောက် စစ်တရားရုံးချုပ်က သူ့ရဲ့ ပြစ်ဒဏ်ကို ၁.၅ နှစ်သို့ လျှော့ချခဲ့ပါတယ်။