နှာခေါင်းပုံစံနဲ့ပတ်သက်ပြီး အများရှေ့မှာဝေဖန်ခံခဲ့ရတဲ့ Minji
နှာခေါင်းပုံစံနဲ့ပတ်သက်ပြီး အများရှေ့မှာဝေဖန်ခံခဲ့ရတဲ့ Minji
NewJeans အဖွဲ့ဝင် Minji ကတော့ fansign ပွဲတစ်ခုမှာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
NewJeans ရဲ့ မကြာသေးမီက ပရိတ်သတ် လက်မှတ်ထိုးပွဲမှာ အမျိုးသမီးတစ်ယောက်က Minji ကို တုန်လှုပ်ချောက်ချားစေတဲ့ မေးခွန်းမျိုးမေးနေတာကို ကြားခဲ့ရတယ်လို့ netizen တစ်ဦးက ပြောကြားခဲ့ပါတယ်။
“နှာခေါင်းကို ဘယ်မှာပြင်လိုက်တာလဲဟင်။ ကျွန်မလည်း Minji လိုမျိုး နှာခေါင်းရအောင် ပြင်ချင်လို့ပါ” ဆိုပြီး အဆိုပါ ပရိသတ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီမေးခွန်းအတွက် Minji က “ဘာလို့ unnie [ပရိသတ်] က ပလပ်စတစ်ဆာဂျရီလုပ်ဖို့ လိုအပ်ရတာလဲ။ အခုပုံစံက အရမ်းလှနေတာကို မပြင်ပါနဲ့နော်။” လို့ ပြန်လည်တုန့်ပြန်သွားခဲ့တာပါ။
Minjin က ဒီလိုအမေးခံခဲ့ရတဲ့အတွက် အရမ်းတုန်လှုပ်သွားတယ်လို့ netizen က ဆိုထားပြီး သူမအနေနဲ့ အဖွဲ့ဝင်တွေနဲ့တောင် စကားမပြောနိုင်တော့ဘူးလို့ အခိုင်အမာ ပြောပြလာခဲ့ပါတယ်။
မီဒီယာတွေက ဒီအဖြစ်အပျက်ကို သတင်းယူခဲ့ပြီး Minji ရဲ့ ပွဲဦးထွက်ရုပ်ရည်နဲ့ လက်ရှိကြားက ကွဲလွဲမှုတွေအပေါ် အခြေခံခဲ့ကာ Minji ဟာ ‘သူမရဲ့နှာခေါင်းကို ပြုပြင်ခဲ့တယ်’ ဆိုတဲ့ ကောလဟာလတွေကို ဆက်စပ်ဖော်ပြခဲ့ပါတော့တယ်။