စစ်မှုထမ်းရာမှပြန်လာတာနဲ့မတူဘဲ ပိုပြီးနုပျိုချောမောနေခဲ့တဲ့ Baekhyun

EXO အဖွဲ့ဝင် Baekhyun ဟာ သူ့ရဲ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် အဆုံးမှာတော့ မျှော်နေသူ EXO-L တို့ထံ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။
Baekhyun ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ ဆေးရုံက ဆင်းပြီး တစ်ရက်အကြာမှာပဲ EXO-L တို့ဆီ တိုက်ရိုက်ထုတ်လွှင့်မှုနဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
စစ်မှုထမ်းပြီးနောက်မှာတောင် အကြာကြီး မနားနိုင်ခဲ့ဘဲ သူလွမ်းနေတဲ့ EXO-L တွေထံ ပြန်လာခဲ့တဲ့ Baekhyun ကိုလည်း ပရိတ်သတ်တွေက ဝမ်းသာပီတိဖြစ်ရင်း ကြိုဆိုခဲ့ကြသလို တစ်ဖက်မှာလည်း Baekhyun ရဲ့ visual တွေကြောင့် EXO-L တို့ဟာ အံ့အားတကြီး ဖြစ်ခဲ့ရပါသေးတယ်။
အဲဒီနေ့မှာ Baekhyun က သူ့ရဲ့ ပြန်အလာကို EXO-L တွေနဲ့ အတူဂုဏ်ပြုပြီး အလွမ်းသယ်နေရင်း သူ့ရဲ့ visual တွေနဲ့ အားလုံးကို အံ့အားသင့်စေခဲ့ပြီး EXO-L တို့က Baekhyun ရဲ့ visual ဟာ စစ်မှုထမ်းပြီး ပြန်လာတာထက် album promotion တစ်ခုကနေ ပြန်လာသလိုပါပဲလို့တောင် ချီးမွမ်းမှတ်ချက်ပြုခဲ့ကြပါတော့တယ်။