ကကွက်အသစ်တွေကို လျင်မြန်စွာသင်ယူနိုင်စွမ်းရှိကြတဲ့ အမျိုးသမီး Idol များ
ကကွက်အသစ်တွေကို လျင်မြန်စွာသင်ယူနိုင်စွမ်းရှိကြတဲ့ အမျိုးသမီး Idol များ
နှစ်လိုဖွယ်ကောင်းတဲ့ တေးသွားများ၊ ထူးခြားမက်မောဖွယ် visuals တွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ ကကွက်တွေဟာ ပရိသတ်တွေကို K-Popper ဖြစ်လာဖို့အတွက် ဆွဲဆောင်နိုင်ကြတဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်ပါတယ်။
ဒါကြောင့် K-Pop idol များအနေနဲ့ သူတို့ရဲ့ အကစွမ်းရည်ကို အဆက်မပြတ် မြှင့်တင်နေနိုင်ဖို့ အရေးကြီးပြီး အများစုကလည်း သင့်တော်တဲ့ အကသမားများဖြစ်နေကြပါတယ်။ သို့ပေမဲ့ အချို့သော idol တွေကတော့ ကကွက်များကို လျင်မြန်စွာ လေ့လာနိုင်သလို သူတို့ရဲ့ အကစွမ်းရည်တွေဟာလည်း တစ်ဆင့်မြင့်နေတာကြောင့် အဖွဲ့ဝင်များကပါ အံ့အားသတင့်နဲ့ ချီးမွမ်းခံထားရဖူးပါတယ်။
Lisa (BLACKPINK)
BLACKPINK ရဲ့ main dancer အဖြစ် Lisa ဟာ ပွဲဦးထွက်ကတည်းက သူမရဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ လှုပ်ရှားမှုများကြောင့် လူအများကို အံ့အားသင့်စေခဲ့ဖူးသူပါ။ သူမရဲ့ အံ့မခန်း ကိုယ်လုံးကိုယ်ပေါက် နဲ့ ဆွဲဆောင်မှုတို့ ကလည်း Lisa ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးမြင့်လာစေပြီး Billboard နဲ့ အင်တာဗျူးတစ်ခုအရ Lisa ဟာ ကကွက်အသစ်ကို ကျွမ်းကျင် ပိုင်နိုင်ဖို့အတွက် လေ့ကျင့်ချိန် ၂ နာရီ ကနေ ၃ နာရီခန့်သာလိုတယ်လို့ သိရပါတယ်။
Momo (TWICE)
နာမည်ကျော် K-Pop မိန်းကလေးအဖွဲ့ TWICE မှာ ပွဲဦးထွက်ခဲ့ရတဲ့ Momo ဟာ သူမရဲ့ အံ့မခန်းလှတဲ့ visual နှင့်အတူ အကစွမ်းရည်များကို မကြာခဏ သက်သေပြထားနိုင်ခဲ့သူပါ။ Momo ဟာ နည်းပညာပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး TWICE ၏ အန္တရာယ်ရှိစေတဲ့အကအခုန်များအတွက်လည်း တာဝန်ယူရလေ့ရှိသူပါ။ TWICE Performance Project မှာ Momo က Masego & FKJ ရဲ့ “Tadow” နဲ့ Christopher ရဲ့ “Bad” တို့အတွက် ကကွက်တွေကို လေ့လာရန် ၂ နာရီသာ အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။
Seulgi (Red Velvet)
Seulgi ဟာ K-Pop လောကရဲ့ all-rounder idol တစ်ယောက်ဖြစ်ပြီး သူမ စင်ပေါ်ရောက်တဲ့အခါတိုင်း ပရိသတ်တွေကို အမြဲတမ်း ငေးမောစေခဲ့သူပါ။ Vocal, rap, dance တို့ကို အကုန်ပိုင်နိုင်နေတဲ့ Seulgi ကတော့ ကကွက်တွေနဲ့ ပတ်သက်လာရင်လည်း လျင်မြန်စွာ သင်ယူနိုင်စွမ်းရှိတဲ့ Seulgi ယာ “Queendom” အတွက် ကကွက်အားလုံးကို အလွတ်ကျက်ဖို့ ၁၉ နာရီသာ အချိန်ယူခဲ့ရသူပါ။
Jihyo (TWICE)
Jihyo ဟာ TWICE အဖွဲ့ရဲ့ main vocalist သာမက အဖွဲ့ရဲ့ အံ့မခန်း အကသမားလည်း ဖြစ်ပါတယ်။ TWICE ရဲ့ ပြည့်ကြပ်လှတဲ့ အချိန်ဇယားများကြားမှ Jihyo ဟာ စင်ပေါ်မှာ အံ့မခန်းစွမ်းအင်များကို အမြဲပြသနိုင်ခဲ့ပြီး နှစ်လိုဖွယ်ရာ ဖျော်ဖြေမှုများကို တင်ဆက်နိုင်ခဲ့သူပါ။ “I Can’t Stop Me” ရဲ့ ကကွက်တွေက ခက်ခဲပြီး ပင်ပန်းလှတယ်တယ်လို့ လက်ခံထားကြပေမယ့် Jihyo ကတော့ လှုပ်ရှားမှုအားလုံးကို အလွတ်ကျက်ဖို့ နာရီ ၂၀ ပဲ လိုအပ်ခဲ့သူပါတယ်။
Moonbyul (MAMAMOO)
Moonbyul ဟာ MAMAMOO ရဲ့ အမိုက်စား rapper အဖြစ် နာမည်ကြီးရုံသာမက သူမရဲ့ အကစွမ်းရည်ကြောင့်လည်း မကြာခဏ ချီးကျူးခံခဲ့ရသူပါ။ 2019 Mnet Asian Music Award မှာလည်း MAMAMOO အဖွဲ့ဟာ “Hip” နဲ့အတူ စင်မြင့်ပေါ်သို့ တက်ရောက်လာခဲ့ပြီး ထိတ်လန့်စရာအကောင်းဆုံး အပိုင်းကတော့ Moonbyul ဟာ ၁၀ မိနစ်အတွင်း ဒီသီချင်းရဲ့ ကကွက်တွေကို သင်ယူခဲ့တာပါပဲ။