K-Drama သစ်မှာ ပြန်လည်ဆုံစည်းကြဦးမယ့် Jang Hyuk နဲ့ Jang Na Ra တို့အတွဲအဖက်
K-Drama သစ်မှာ ပြန်လည်ဆုံစည်းကြဦးမယ့် Jang Hyuk နဲ့ Jang Na Ra တို့အတွဲအဖက်
Jang Hyuk, Jang Na Ra, Chae Jung Ahn နဲ့ Kim Nam Hee တို့ကတော့ tvN က ထုတ်လွှင့်ပြသလာမယ့် drama သစ် “Family” မှာ ပါဝင်လာမှာဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
‘Family’ drama ဟာ ပြီးပြည့်စုံတဲ့ မိသားစုကို အိပ်မက်မက်ထားတဲ့ NIS အေးဂျင့် ခင်ပွန်းဖြစ်သူနဲ့ ချစ်လှစွာသောဇနီးအဖြစ် အသွင်ယူထားတဲ့ NIS အေးဂျင့် ဇနီးဖြစ်သူတို့အကြောင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ မိသားစုသူလျှို ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။
Jang Hyuk ဟာ ကုန်သွယ်ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းအဖြစ်နဲ့ Kang Yoo Ra (Jang Na Ra) ရဲ့ ခင်ပွန်းအဖြစ် ဖုံးကွယ်ထားတဲ့ အမျိုးသားထောက်လှမ်းရေးဌာနရဲ့ အေးဂျင့် Kwon Do Hun အဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Kwon Do Hun ဟာ လျင်မြန်၊ တိကျပြီး ဝါရင့် စနိုက်ပါတစ်ဦး ဖြစ်ပါတယ်။ အလုပ်များတဲ့ အချိန်ဇယားတွေကြောင့် မိသားစုကို လစ်လျူရှုထားရပေမယ့် ဇနီးသည် Kang Yoo Ra ကိုတော့ တခြားသူတွေထက် ပိုချစ်တဲ့ ခင်ပွန်းသည် ဖြစ်ပါတယ်။
Jang Na Ra ကတော့ ခင်ပွန်းဖြစ်သူ Kwon Do Hun နဲ့ တွေ့ဆုံပြီး သူမရဲ့ ဘဝတစ်လျှောက်လုံး အိပ်မက်မက်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ မိသားစုကို ဖန်တီးပြီးနောက် သူမရဲ့ မိသားစုကို ကာကွယ်ဖို့ ကြိုးစားတဲ့ ပြီးပြည့်စုံတဲ့ အိမ်ရှင်မတစ်ယောက်အဖြစ် သူမရဲ့ ချစ်စဖွယ်အသွင်အပြင်ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့ပါတယ်။
ထူးခြားချက်ကတော့ ဒီ drama ဟာ Jang Hyuk နဲ့ Jang Na Ra တို့ နှစ်ယောက်အတွက် ၉ နှစ်အတွင်း လေးကြိမ်မြောက် လက်တွဲရမယ့် ပရောဂျက်ဖြစ်နေခဲ့တာပါ။ ‘jackpot’ duo လို့ သက်သေပြခဲ့ကြတဲ့ Jang စုံတွဲဟာ သူတို့ရဲ့ ဖန်သားပြင်ပေါ်က တွဲဖက်ညီပုံတွေနဲ့ ပရိသတ်တွေကို အဆက်မပြတ် စွဲလန်းစေခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ယခင်က ‘The Success Story of a Cheerful Girl’, ‘Fated to Love You’ နဲ့ ‘2014 Drama Festival – Old Goodbye’ တို့မှာ အတွဲအဖက်ညီခဲ့ကြဖူးတာကြောင့်လည်း ပရိသတ်တွေက သူတို့ရဲ့ ပရောဂျက်သစ်အတွက် မျှော်လင့်စောင့်စားနေကြမှာ သေချာပါတယ်။
“Family” ကိုတော့ tvN က ဧပြီလမှာ စတင်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။