Baekhyun ပြန်ရောက်အပြီး လူစုံတက်စုံနဲ့ fan meeting နဲ့ comeback တွေ ပြုလုပ်လာကြတော့မယ့် EXO

Baekhyun ပြန်ရောက်အပြီး လူစုံတက်စုံနဲ့ fan meeting နဲ့ comeback တွေ ပြုလုပ်လာကြတော့မယ့် EXO

EXO ကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ သူတို့ရဲ့ ပွဲဦးထွက် ၁၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပရိသတ်တွေ့ဆုံပွဲတစ်ခု ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ “2023 EXO FANMEETING “EXO’ CLOCK ” ဖွင့်ပွဲကြေငြာချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုကို SM ရဲ့ official fan platform Kwangya Club မှ ထုတ်ဝေခဲ့ပြီး ပရိသတ်တွေ့ဆုံပွဲကို အတည်ပြုသွားခဲ့ပါတယ်။

ကြေငြာချက်အရ EXO အဖွဲ့ရဲ့ ပွဲဦးထွက် ၁၁ နှစ်မြောက် အထိမ်းအမှတ် ပရိသတ်တွေ့ဆုံပွဲကို ဧပြီလ ၈ ရက်နဲ့ ၉ ရက်တို့မှာ KSPO DOME ၌ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခင်က EXO အဖွဲ့ဝင်တွေဖြစ်တဲ့ Xiumin, D.O., Suho, Chen, Chanyeol နဲ့ Baekhyun တို့ဟာ ဆက်တိုက်စစ်မှုထမ်းခဲ့ကြပြီး Baekhyun ကတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တဲ့ နောက်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

EXO ဟာ အချိန်အတော်ကြာအောင် ပြီးပြည့်စုံတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် စည်းလုံးခဲ့ရာမှာ အဖွဲ့ဝင်တွေလည်း ပြန်စုံခဲ့ပြီဖြစ်လို့ EXO ရဲ့ Fan Meeting သတင်းကို ပရိသတ်တွေက ဝမ်းသာအားရဖြစ်ခဲ့ကြပါတယ်။

အကြောင်းကြားစာ ထုတ်ပြန်ပြီးနောက် မကြာမီမှာ EXO နှင့် EXO fan meeting နဲ့ပတ်သက်တဲ့ အဓိက စကားလုံးများဟာ social media platform တွေမှာ အချိန်နှင့်တစ်ပြေးညီ trending ဖြစ်လာခဲ့ပါတော့တယ်။

ယခုနှစ်မှာ Fan Meeting အပြင် EXO ဟာ အဖွဲ့လိုက် comeback နဲ့ Baekhyun ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတို့ အပါအဝင် အခြားသော လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်သွားပြီး EXO-L တို့ကို ပျော်ရွှင်မှုတွေ ဆောင်ကျဥ်းပေးလာဖို့အတွက် စီစဥ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x