ဇနီးဖြစ်သူ Katy Louise ကိုသာမက ယောက္ခမဖြစ်သူတွေကိုပါခေါ်ပြီး အတူတူ Movie Date လုပ်ခဲ့တဲ့ Song Joong Ki

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Song Joong Ki ဟာဆိုရင် ဗြိတိန်နိုင်ငံသူ သရုပ်ဆောင်မင်းသမီးဟောင်းတစ်ယောက်ဖြစ်တဲ့ Katy Louise နဲ့ တရားဝင်လက်ထပ်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်မှာတော့ ပထမဆုံးအကြိမ် ဇနီးဖြစ်သူနဲ့အတူ လူအများအရှေ့ကို လတ်တလောရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့တုန်းက ကိုရီးယားပြည်တွင်းသတင်းဌာနတစ်ခုမှ ထွက်ရှိလာတဲ့ပုံတွေအရဆိုရင် Song Joong Ki ဟာ ဇနီးဖြစ်သူ Katy Louise Saunders ကိုသာမက Katy ရဲ့မိသားစုဝင်တွေကိုပါခေါ်ဆောင်ပြီး ဂန်နမ်ရှိ ရုပ်ရှင်ရုံတစ်ခုကို အတူသွားရောက်ကာ ရုပ်ရှင်ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။ ယင်းထွက်ရှိလာတဲ့သတင်းပုံရိပ်တွေအရတော့ သူတို့မိသားစုဟာ ရုပ်ရှင်ရုံမှာ အထူးသီးသန့်အခန်းဌားရမ်းပြီး ရုပ်ရှင်ကြည့်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ထွက်ရှိလာခဲ့တဲ့သတင်းတွေမှာတော့ Song Joong Ki ဟာ မကြာခင်ရောက်ရှိလာတော့မယ့် နွေဦးမှာမွေးဖွားလာမယ့် သူတို့ရဲ့ ရင်သွေးလေးအတွက် ပြင်ဆင်နိုင်ဖို့ Katy ရဲ့ မိသားစုကိုလည်း အီထယ်ဝန်မှာရှိတဲ့ သူ့ရဲ့နေအိမ်ဆီ ခေါ်ဆောင်ထားတယ်လို့ ဖော်ပြခဲ့ကြတာကို ပရိသတ်တို့အနေနဲ့ အမှတ်ရမိကြမှာပါ။

Song Joong Ki ဟာဆိုရင် သူနဲ့ Katy Louise Saunders တို့က လက်ထပ်ပြီးကြောင်းနဲ့ Katy မှာလည်း သူ့ရဲ့ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းက တရားဝင်အတိအလင်းကြေညာခဲ့တာဖြစ်ပြီး Song Joong Ki ရဲ့ အေဂျင်စီဘက်ကလည်း Song Joong Ki နဲ့ Katy တို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲကို သိပ်မကြာခင်အချိန်အတွင်း အကျဉ်းချုံးကျင်းပသွားမှာဖြစ်ကြောင်းကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x