Lee Soo Man ရဲ့ရှယ်ယာတွေကို ဝယ်ယူနိုင်ခဲ့ပြီးနောက် SM Entertainment ရဲ့အကြီးဆုံးရှယ်ယာရှင်အဖြစ်ကို ရောက်ရှိသွားတဲ့ HYBE

K-pop လောကရဲ့ ဩဇာအရှိန်အဝါအကြီးမား‌ဆုံးသော ဖျော်ဖြေရေးကုမ္ပဏီကြီးဖြစ်တဲ့ SM Entertainment ဟာဆိုရင် လက်ရှိအချိန်မှာ HYBE လုပ်ငန်းစုရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုအဖြစ်ကို ရောက်ရှိသွားပြီဖြစ်ပြီး ဒီအကြောင်းကိုတော့ HYBE ဘက်ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်ပေးလာခဲ့တာ ဖြစ်ပါတယ်။

ယင်းအတည်ပြုချက်အရတော့ ယခင်တုန်းက Lee Soo Man ပိုင်ဆိုင်ခဲ့ပြီး ဝမ် ၄၂၂.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃၄.၃ မီလီယံ) တန်ဖိုးရှိတဲ့ ရှယ်ယာ ၁၄.၈ ရာခိုင်နှုန်းကို HYBE အနေနဲ့ မကြာသေးခင်အချိန်တုန်းက ဝယ်ယူရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ HYBE က SM Entertainment ရဲ့အကြီးဆုံးရှယ်ယာရှင်အဖြစ်ကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး။Kakao ကတော့ ရှယ်ယာ ၉.၀၅ ရာခိုင်နှုန်းနဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင်အဖြစ် တည်ရှိလို့နေပါတယ်။

တကယ်တော့ HYBE ဘက်က Lee Soo Man ရဲ့ ရှယ်ယာတွေကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ဝယ်ယူနိုင်ဖို့အတွက် ကြိုးစားနေခဲ့တာဖြစ်ပေမဲ့ အဲဒီအချိန်တွေတုန်းက Lee Soo Man ဟာ သူ့ရဲ့ရှယ်ယာတွေကို ရောင်းချခြင်းမပြုဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာတော့ Lee Soo Man ဟာ SM Entertainment အနေနဲ့ Kakao နဲ့ လက်တွဲခြင်းက စီးပွားရေးဆိုင်ရာဥပဒေတွေကို ချိုးဖောက်တယ်လို့ဆိုကာ SM Entertainment ကို တရားစွဲဆိုထားလျက်ရှိနေပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x