မျက်ရစ်မပါပေမဲ့လည်း ဆွဲဆောင်မှုအရှိဆုံး အမျိုးသား Idol လေးများ

မျက်ရစ်မပါပေမဲ့လည်း ဆွဲဆောင်မှုအရှိဆုံး အမျိုးသား Idol လေးများ

မျက်ရစ်မပါတဲ့ မျက်လုံးတစ်စုံဟာ အရမ်းကိုထူးခြားတဲ့ အလှတရားတစ်ခုပါ။ ဒီအချက်ကိုလည်း K-Pop စင်မြင့်ထက်က အမျိုးသား idol တချို့က သက်သေပြထားနှင့်ခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် မျက်ရစ်မပါပဲနဲ့လည်း ဆွဲဆောင်မှုရှိလှပြီး ချောမောလွန်းနေတဲ့ idol တွေကို Kpopmap က ကမ္ဘာအနှံ့က ပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့ရာမှာတော့ အောက်ဖော်ပြပါ အမျိုးသား idol လေးတွေက Top 5 စာရင်းဝင်ခဲ့ကြပါတော့တယ်။

5. iKON’s Junhoe

iKON အဖွဲ့ဝင် Junhoe ရဲ့ မြောက်မြားလှတဲ့ charm တွေထဲကမှ မျက်ရစ်မပါတဲ့ မျက်လုံးလေးကလည်း ပရိသတ်တွေကို ကြွေဆင်းစေခဲ့တာဖြစ်ပြီး No. 5 နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

4. ASTRO’s MJ

ASTRO အဖွဲ့ဝင် MJ ကလည်း သူ့ရဲ့တော်ဝင်မင်းသားလို visual လေးနဲ့အတူ ပရိသတ်တွေကြားမှာ ကျော်ကြားသလို သူ့ရဲ့မျက်လုံးပုံစံလေးဟာလည်း ညို့အားပြင်းတဲ့အသွင် ဖော်ကျူးလို့နေတာကြောင့် No. 4 နေရာကို သိမ်းပိုက်သွားခဲ့ပါတယ်။

3. BTS’s V

အချောမောဆုံးသော K-Pop Idol တွေထဲက တစ်ယောက်လို့တောင် ဖော်ညွှန်းလို့ရမယ့် V ဟာလည်း သူ့ရဲ့လှပလွန်းတဲ့ မျက်နှာအစိတ်အပိုင်းတွေထဲမှာ မျက်လုံးပုံစံလေးဟာလည်း တစိတ်တပိုင်း အပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့မျက်ရစ်ပုံစံဟာ double တောင် ဖြစ်နေတာက လူတစ်သိန်းမှာမှ တစ်ယောက် ရှာမှရှား ပုံစုံလေးပါပဲ။ V ကတော့ No. 3 နေရာကို ရရှိသွားခဲ့ပါတယ်။

2. Ong Seongwu

Ong Seongwu ကိုတော့ မျက်ရစ်မပါတဲ့ မျက်လုံးတစ်စုံနဲ့ ပရိသတ်တွေကို စိုက်ကြည့်လိုက်ချိန်တိုင်း ပါးစပ်အဟောင်းသားဖြစ်စေလောက်တဲ့အထိ ဆွဲဆောင်နိုင်သူလေးလို့ ဆိုကြပါတယ်။ သူကတော့ No. 2 နေရာကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

1. MONSTA X’s Shownu

K-Pop စင်မြင့်ထက်က ဗလတောင့်တောင့်၊ ယောက်ျားပီသစွာနဲ့ ခန့်ညားလွန်နိုင်သူကြီး MONSTA X အဖွဲ့ဝင် Shownu မှာလည်း မျက်ရစ်မပါတဲ့ မျက်လုံးအလှတရားလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အထူးသဖြင့် သူ့မျက်လုံးအလှဟာ မျက်တောင်ခတ်လိုက်ချိန်ခါတိုင်း တမူထူးခြားနေတယ်လို့လည်း Kpopmap က မှတ်ချက်ပြုသွားခဲ့ပြီး Top 1 နေရာကို သိမ်းပိုက်လို့သွားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x