စတင်ပြသတဲ့အပိုင်းမှာတင် တာထွက်ကောင်းခဲ့တဲ့ Park Hyung Sik ရဲ့ ဇာတ်ကားအသစ်

လတ်တလောကိုရီးယားဒရမ်မာပရိသတ်တွေအကြားမှာ ရေပန်းစားဖို့ အရှိန်ယူနေတဲ့ဇာတ်လမ်းတွဲအသစ်တစ်ခုကတော့ Park Hyung Sik ရဲ့ ‘Our Blooming Youth’ ဖြစ်တယ်လို့ပဲဆိုရမှာပါ။
Nielsen Korea သတင်းဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင် အခု ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းကမှ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ ယင်းဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းအတွက် ကြည့်ရှုနှုန်းဟာ တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းတင် ပျှမ်းမျှအားဖြင့် ၄.၂ ရာခိုင်နှုန်းရှိပြီး တစ်ချိန်းတည်းပြသနေတဲ့ဇာတ်ကားတွေနဲ့ယှဉ်ရင် နံပါတ်တစ်နေရာကနေရှိနေတယ်လို့ သိရပါတယ်။
‘Our Blooming Youth’ ဇာတ်လမ်းတွဲကတော့ ကျိန်စာသင့်နေတဲ့ အိမ်ရှေ့စံမင်းသားလေးနဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံအဖြစ်စွပ်စွဲခံထားတဲ့ မိန်းကလေးတစ်ယောက်အကြားက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဇာတ်လမ်းပုံဖော်ဖန်တီးထားတာဖြစ်ပြီး Park Hyung Sik ကမောက်မာရိုင်းစိုင်းတဲ့ အိမ်ရှေ့စံ ‘အီဟွမ်’ အဖြစ် ပါဝင်ထားကာ Jeon So Nee ကတော့ မျိုးရိုးမြင့်မိသားစုကနေ မွေးဖွားလာတဲ့ ‘မင်ဂျယ်အီ’ အဖြစ်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
Ref : GStarLive
Nemo