Jungkook တစ်ယောက် ARMY တွေကို သူ့မိသားစုအကြောင်း ရင်ဖွင့်ခဲ့ချိန်များ

Jungkook တစ်ယောက် ARMY တွေကို သူ့မိသားစုအကြောင်း ရင်ဖွင့်ခဲ့ချိန်များ

BTS အဖွဲ့ဝင် Jungkook က သူ့မိသားစုအကြောင်း ပြောရတာ သဘောကျသူပါ။ ARMY တွေကလည်း ပျော်ရွှင်ခဲ့ရတဲ့ ကလေးဘဝရဲ့ ကြည်နူးဖွယ်ကောင်းသော ခံစားမှုများကို ပေးစွမ်းနိုင်တဲ့ ကုလေးရဲ့ မိသားစုဝင်များအကြောင်း ဇာတ်လမ်းများကို အမြဲတစေ စောင့်မျှော်နေတတ်ကြပါတယ်။

 

ဒါကြောင့် သူ့ရဲ့ အင်တာဗျူးများနဲ့ BTS နဲ့ပတ်သက်တဲ့ ပရိုဂရမ်တွေမှာ နှစ်များတစ်လျှောက် ကုလေး မျှဝေခဲ့ဖူးတဲ့ နှစ်သက်ဖွယ်ကောင်းသော ကုကုတို့ မိသားစုအကြောင်း ဇာတ်လမ်းအချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

1. Jungkook မိဘတွေရဲ့ ချစ်ပုံပြင်

Let’s Eat Dinner  မှာ Jungkook က သူ့အဖေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး သူ့အမေထက် ၂ နှစ် ငယ်ကြောင်း အစီအစဉ် တင်ဆက်သူ Kang Ho Dong နဲ့ မျှဝေခဲ့ဖူးပါတယ်။

Ho Dong က သူ့မိဘတွေရဲ့ အချစ်ဇာတ်လမ်းကို သိလားလို့ မေးတဲ့အခါ Jungkook က အသက်ပြင်းပြင်းရှူပြီး သူ့အမေကို ပိုးပမ်းခဲ့ပြီး ပထမဆုံး ချစ်ရေးဆိုခဲ့တာပါလို့ ဖွင့်ဟခဲ့ပါတယ်။ ဒီအကြောင်း ပြောပြနေချိန် ကုလေးရဲ့ ရယ်သံက အရမ်းတန်ဖိုးရှိတယ်။

2. Jungkook အဖွားရဲ့ တိရစ္ဆာန်လေးတွေအပေါ် သနားကြင်နာစိတ်

Jungkook က သူ့ stylist တွေနဲ့ စကားပြောခြင်းကို နှစ်သက်သူပါ။ တစ်ခါက ကုလေးဟာ သူ့အဖွားရဲ့ တိရိစ္ဆာန်တွေနဲ့ ပေါင်းသင်းဆက်ဆံပုံကောင်းပုံနဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် ဝယ်ထားတဲ့ ကြက်ကလေးနှစ်ကောင်ကို ပြုစုစောင့်ရှောက်ခဲ့ပုံလေးတွေကို မျှဝေခဲ့ပါတယ်။

ကြက်လေးတွေဟာ မွေးခါစတုန်းကတော့ သိပ်မကျန်းမာပေမယ့် သူ့အဖွားရဲ့ ချစ်ခင်စောင့်ရှောက်မှုအောက်မှာ ကောင်းကောင်း ကြီးပြင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းကို ပြန်သတိရမိတော့ ကြက်မွေးချင်လာတယ်လို့တောင် Jungkook က ဆိုခဲ့ပါသေးတယ်။

3. Jungkook ရဲ့ သူ့အမေနဲ့ အားကစားနေ့ရက်တွေ

Jungkook ရဲ့ အမေက အားကစား ဝါသနာပါသူဖြစ်တာမလို့ Jungkook ဟာ အားကစားလုပ်ရင်း ညနေခင်း ရိုက်ကူးမှုတစ်ခုအတွင်းမှာ သူ့အမေကို အမှတ်တမဲ့ သတိရသွားစေခဲ့ပါတယ်။ သူနဲ့ သူ့အမေဟာ အတူတူ အားကစားလုပ်နေကျဖြစ်သလို ညဘက်တွေမှာလည်း ဘက်စကက်ဘော ကစားရင်း လေ့ကျင့်ခန်း လုပ်နေခဲ့ကြဖြစ်တယ်လို့ ဆိုပါတယ်။

Jungkook က သူနဲ့ သူ့အမေ အတူတူ တောင်တက်ခဲ့ဖူးကြောင်းလည်း ပြောပြခဲ့ပါတယ်။ ကုလေးရဲ့အမေက cool mom တစ်ယောက်ပါပဲနော်။

4. Jungkook အဖေရဲ့ ခရစ္စမတ်ဘိုးဘိုး ဇာတ်လမ်း

ဒါက Jungkook ရဲ့ အကြိုက်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခု ဖြစ်ရမယ်။ BTS ရဲ့ Holiday Memories အတွက် ရိုက်ကူးတဲ့ အချိန်မှာ Jungkook ဟာ သူငယ်ငယ်တုန်းက ခရစ္စမတ်အကြိုမှာ Santa ဟာ တကယ်ရှိတယ်လို့ ယုံကြည်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အဲ့လိုနဲ့ ခရစ္စမတ် အကြိုညမှာ အိပ်ပျော်နေတုန်း ရုတ်တရက် နိုးလာခဲ့ပြီး Santa ရဲ့ မုတ်ဆိတ်မွေးဟာ သူ့ပါးကို ထိနေခဲ့တာကြောင့်ပါ။ သေချာ မျက်လုံးဖွင့်ကြည့်တော့မှာ သူ့အဖေက Santa မျက်နှာဖုံး မုတ်ဆိတ်မွေးကို တပ်ဆက်ထားပြီး သူ့ရဲ့အခန်းတံခါး အပြင်ကို ပြေးထွက်သွားပါသတဲ့။ ဒီလိုနဲ့ Jungkook က Santa ကို မယုံတော့တာဖြစ်တယ်လို့ ပြောပြသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x