လာမယ့်လထဲမှာ တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ Comeback ပြုလုပ်မယ်လို့ သတင်းထွက်နေတဲ့ EXO အဖွဲ့ဝင် Kai

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနေ့တုန်းကထွက်ရှိလာခဲ့တဲ့ သတင်းတစ်ခုကတော့ EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Kai ဟာဆိုရင် လာမယ့် မတ်လထဲမှာ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ Comeback ပြုလုပ်ဖို့အတွက် လတ်တလောမှာ ပြင်ဆင်နေလျက်ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။

ထွက်ရှိနေတဲ့သတင်းတွေအရဆိုရင် အဆိုပါတစ်ကိုယ်တော်အယ်လ်ဘမ်ဟာ လာမယ့် မတ်လ အလယ်ပိုင်းလောက် ထွက်ရှိလာမှာဖြစ်ပြီး ယင်းသတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ဒါဟာ Kai အတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းကထွက်ရှိခဲ့တဲ့ ‘Peaches’ အယ်လ်ဘမ်အပြီးမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ တစ်ကိုယ်တော် Comeback ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

SM Entertainment ဘက်ကလည်း ဒီသတင်းတွေ‌အပေါ်မှာ အတည်ပြုပေးထားပြီး ပရိသတ်တွေအနေနဲ့ မျှော်လင့်စောင့်စားအားပေးကြဖို့ တောင်းဆိုထားတာကိုတွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x