သရုပ်ဆောင်တဲ့အခါမှာလည်း ပရိသတ်တွေကိုမျက်ရည်ကျစေတဲ့အထိ ထူးချွန်ခဲ့ကြတဲ့ K-Pop Idol များ
သရုပ်ဆောင်တဲ့အခါမှာလည်း ပရိသတ်တွေကိုမျက်ရည်ကျစေတဲ့အထိ ထူးချွန်ခဲ့ကြတဲ့ K-Pop Idol များ
အခုပြောပြပေးမယ့် ဇာတ်ဝင်ခန်းတွေကို ကြည့်ရှုဖို့အတွက်ဆိုရင်တော့ တစ်ရှူးတစ်ရွက်လိုပါလိမ့်မယ်။ K-Pop idol တော်တော်များများဟာ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာကြတာကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို လူအများစုက စောင့်ကြည့်လေ့ရှိကြပါတယ်။
ဒါပေမယ့် ဒီ Idol ၆ ယောက်ကတော့ လူတိုင်းရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်သွားခဲ့ပြီး သူတို့ဟာ သရုပ်ဆောင်လောကမှာပါ ပြီးပြည့်စုံတဲ့သူတွေဖြစ်ကြောင်း သက်သေပြခဲ့ကြပါတယ်။
အထူးသဖြင့် ဝမ်းနည်းစရာကောင်းတဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် သူတို့ရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်မှုက သူတို့ရဲ့ရုပ်ရှင်တွေမှာ ပရိသတ်တွေကို လုံးလုံးလျားလျား စွဲဆောင်နိုင်ခဲ့ပြီး သူတို့နဲ့အတူ လိုက်ငိုမိခဲ့ကြတဲ့အထိ သူတို့ဟာ ဘယ်လောက်ထိ အံ့သြစရာကောင်းလဲဆိုတာ သက်သေပြခဲ့ကြပါတယ်။
1. EXO အဖွဲ့ဝင် D.O.
EXO အဖွဲ့ဝင် D.O. မှာ ငိုခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေက ပိုများခဲ့ပြီး ပရိသတ်တွေကို ဒီလိုပြင်းထန်တဲ့ ခံစားချက်တွေကို အချိန်တိုင်း ခံစားရစေတဲ့အခါ ဒါရိုက်တာတွေကို အပြစ်တင်ရပါလိမ့်မယ်။ Swing Kids ဟာ သူ့ရဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေထဲက ကြည့်ရှုသူတွေကို မျက်ရည်လည် အရွှဲစေခဲ့ဆုံးပါပဲ။
2. IU
IU ဟာ ကြေကွဲဖွယ် ဇာတ်ရုပ်တွေမှာ အတော်အတင့် သရုပ်ဆောင်ထားခဲ့ဖူးပြီး ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှုနဲ့ ဘဝများကို အလွန်ဆက်စပ်နေနိုင်တောကြောင့် သရုပ်ဆောင်နေတာလားဆိုတာကိုတောင် မေ့လျော့ခဲ့တဲ့အထိပါပဲ။ “My Mister” မှာတော့ ကြိမ်းသေပေါက် မျက်ရည်ကျရမှာဖြစ်ပေမဲ့ အမှောင်ဆုံးအချိန်တွေမှာတောင် ကုစားခြင်းနဲ့ မျှော်လင့်ချက်တွေ ရှိနေတယ်ဆိုတာကိုလည်း အားအင်အဖြစ် ယူဆောင်နိုင်ပါသေးတယ်။
3. GOT7 အဖွဲ့ဝင် Jinyoung
GOT7 အဖွဲ့ဝင် Jinyoung ကလည်း ထူးချွန်တဲ့ နောက်ထပ် idol-သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လာမယ့်ရုပ်ရှင် Christmas Carol ကလည်း သင့်ကို ကြိမ်းသေပေါက် မျက်ရည်ကျစေမယ့် နောက်ထပ်ဇာတ်ကားတစ်ကားဖြစ်လာဖို့ အာမခံပါတယ်။ “The Devil’s Judge” မှာလည်း Jinyoung ဝမ်းနည်းပူဆွေးမှုတွေနဲ့ စိတ်ခံစားချက် ရိုလာကိုစတာတို့ဟာ ကြည့်ရှုသူတိုင်းကို စွဲမက်ဖွယ် ဂရုဏာသက်မိစေခဲ့ပါတယ်။
4. BLACKPINK အဖွဲ့ဝင် Jisoo
BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ ပထမဆုံးသော သရုပ်ဆောင်မှုဖြစ်ပေမဲ့ Snowdrop မှာ မြင်တွေ့ခဲ့ရတဲ့ Jisoo ရဲ့ ရူးလောက်တဲ့ အရည်အချင်းတွေဟာ ပရိသတ်တွေရဲ့ နှလုံးသားကို ထိမိစေခဲ့ပြီး သူမရဲ့ စွမ်းရည်တွေကို ကမ္ဘာက အသိအမှတ်ပြုဖို့ ပြီးပြည့်စုံတဲ့ ဒရာမာတစ်ခုပါပဲ။
5. Bae Suzy
Bae Suzy ဟာ rom-com တွေကနေ action အထိ အမျိုးအစားများစွာမှာ သရုပ်ဆောင်ထားပေမဲ့ Uncontrollably Fond” က No Eul ဇာတ်ရုပ်ကတော့ Shin Joon Young ( Kim Woo Bin) နဲ့ တွဲဖက်ပြီး အခြားဘဝမှာတော့ ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ပိုင်ဆိုင်ရပါစေလို့ ပရိသတ်တွေအားလုံးကို မျှောလင့်စေခဲ့မိတဲ့ emotional drama တစ်ခုပါပဲ။
6. Girls’ Generation အဖွဲ့ဝင် Yoona
Yoona ဟာလည်းပဲ သူမ သိပ်ချစ်ရတဲ့သူကို အပြီးအပိုင် ထားရစ်ခဲ့ရမယ်ကို ကြိုသိထားတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို သရုပ်ဖော်ထားပြီး Big Mouth က သူမရဲ့ သရုပ်ဆောင်မှုတွေကလည်း ပိုပြီးတော့တောင် ကြေကွဲစေခဲ့ပါတယ်။