ဣတ္ထိယတို့ ဖျားယောင်းဆွဲဆောင်ဖို့ ခက်ခဲလွန်းလှပါတယ် ဆိုတဲ့ K-Pop Idol များ
ဣတ္ထိယတို့ ဖျားယောင်းဆွဲဆောင်ဖို့ ခက်ခဲလွန်းလှပါတယ် ဆိုတဲ့ K-Pop Idol များ
သင်ဟာ ရှေ့ဖြစ်ပြောစကားတွေ၊ နမိတ်ပြယုဂ်တွေကို ယုံကြည်သူတစ်ယောက်ဆိုရင်တော့ ဒီအကြောင်းအရာလေးက တောင်ကိုရီးယားရဲ့ ရှေ့ဖြစ်ပြောစကား၊ နမိတ်ပြယုဂ်တို့နဲ့ ဆက်စပ်နေပါတယ်။ သူတို့ရဲ့ ပြောစကားတွေအရ တောင်ကိုရီးယားမှာ “O” သွေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက အထူးသဖြင့် ယောက်ျားလေးတွေမှာ ကြင်ဖက်ချေးများတယ်ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်တတ်ကြပါတယ်တဲ့။ ဒါပေမဲ့ တစ်ဖက်မှာလည်း လူမှုဆက်ဆံရေး ကောင်းမွန်လွန်းလှပြီး ယုံကြည်ချက် မြင့်မားသလို အောင်မြင်ကျော်ကြားတတ်သူတွေလည်း ဖြစ်ကြပါတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အခုပြောပြပေးသွားမယ့် “O” သွေးပိုင်ရှင် K-Pop Idol သုံးယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ လူကြီးတွေ ဟောတမ်းထုတ်ခဲ့သလိုပဲ ကွက်တိကျ မှန်ကန်နေတာကို သွားတွေ့ရမှာပါနော်။ ကြင်ဖက် ရွေးချယ်တဲ့နေရာမှာ visual ပိုင်း၊ ကိုယ်ရည်ကိုယ်သွေးအပြင် အသေးအဖွဲလေးတွေဖြစ်တဲ့ သွေးအမျိုးအစားတို့ကအစ သူတို့ သုံးယောက်ကတော့ သေချာလေး ဂရုစိုက်ကြသူတွေ ဖြစ်ပါတယ်တဲ့။ အဲ့လိုမျိုး ဣတ္ထိယတို့အတွက် ဖျားယောင်းဆွဲဆောင်ဖို့ ခက်ခဲလွန်းလှပါတယ်ဆိုတဲ့ K-Pop Idol (၃) ယောက်ကတော့…..။
Jin (BTS)
“O” သွေးပိုင်ရှင်လေး Jin ကိုတော့ ဒီစာရင်းမှာ လုံးဝ ချန်လှပ်ထားခဲ့လို့ မရပါဘူးတဲ့။ Mr. Worldwide Handsome လေးလည်း ဖြစ်တဲ့အပြင် BTS အဖွဲ့နဲ့လည်း တစ်ဦးချင်းရော၊ အဖွဲ့လိုက်ရောမှာပါ အောင်မြင်မှု သရဖူ အထပ်ထပ်ဆောင်းနိုင်ခဲ့တဲ့ Jin ပါ။
၂၀၁၅ လောက်မှာ သူ့အတွက် ဒုက္ခအရောက်စေခဲ့ဆုံး comedian dating rumour တွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပေမဲ့ လုံးဝ မဟုတ်မှန်ခဲ့သလို အခြား dating rumour တွေတော့ လုံးဝ မထွက်ပေါ်ခဲ့တာ အမှန်ပါပဲ။ Anne Hathaway ကို crush နေပါတယ်လို့ ဖွင့်ဟခဲ့ဖူးတဲ့ Jin ကလည်း picky ဖြစ်ပြီး တော်ရုံ မိန်းကလေးမျိုးကို စိတ်မဝင်စားမှာ အသေအချာပါပဲ။
Min Hyun
Min Hyun ကလည်း သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ တစ်ကြိမ်တစ်ခါမှကို ရည်းစားမထားဖူးခဲ့ကြောင်း ဝန်ခံထားခဲ့တာကြောင့် သူ့ကိုလည်း picky ဖြစ်တဲ့ “0” သွေးပိုင်ရှင်ဖြစ်တယ်လို့ ခန့်မှန်းနေခဲ့ကြတာပါ။
သူကိုယ်တိုင်လည်း ရှာမတွေ့သေးတာ ဖြစ်နိုင်သလို အချစ်ရေးကိစ္စကို မစဥ်းစားချင်သေးတာလည်း ဖြစ်မှာပါနော်။
Baekhyun (EXO)
သူလေးကိုလည်း ဒီစာရင်းထဲ ထည့်သွင်းခဲ့ရခြင်းကို L လေးတွေ ကောင်းကောင်း သိပါလိမ့်မယ်။ EXO အဖွဲ့ရဲ့ main vocalist လေးဖြစ်သူ Baekhyun ကိုယ်တိုင်ကလည်း Hang Ga In မှ Hang Ga In ဆိုပြီး သူ့ရဲ့ ideal type မိန်းကလေးဟာ မင်းသမီးချော Hang Ga In လိုမျိုး မိန်းကလေးဖြစ်မှ လက်ခံစဥ်းစားမယ်ဆိုတဲ့ ပုံပါပဲနော်။
ဒါ့ကြောင့် Baekhyun ရဲ့ ကြင်ဖက်ဟာ သူ့ထက် အသက်ကြီးတဲ့သူမျိုး ရွေးချယ်သွားလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ပေါ်ထွက်လာခဲ့ပြီး တော်ရုံ မိန်းကလေးမျိုးကလည်း Baekhyun ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ ခဲယဥ်းပါလိမ့်မယ်တဲ့။