Lisa လိုမျိုးအောင်မြင်ချင်တယ်လို့ဆိုလာတဲ့ BABYMONSTER အဖွဲ့ဝင် ထိုင်းလူမျိုး Pharita

မကြာခင်အချိန်ကာလအတွင်းမှာ ပွဲဦးထွက်လာတော့မယ့် BABYMONSTER ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ထိုင်းလူမျိုး Pharita ဟာဆိုရင် သူမအနေနဲ့ တစ်နေ့မှာ စီနီယာအနုပညာရှင်ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Lisa လိုမျိုး Idol တစ်ယောက်ဖြစ်ချင်ကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက BABYMONSTER ရဲ့ YouTube channel ကနေတင်ဆက်ပေးသွားခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ပြောပြသွားခဲ့တာကို တွေ့ရပါတယ်။
Pharita ရဲ့အကြောင်းကိုတော့ YG Entertainment ရဲ့ တည်ထောင်သူဖြစ်တဲ့ Yang Hyun Suk က “သူ့မှာရှိတဲ့ အကြီးမားဆုံးအားသာမှုကတော့ ဒစ်စနေးဇာတ်ကောင်တွေလိုမျိုး လှပလွန်းတာပဲ … သူ့ရဲ့ မျက်နှာတည်ဆောက်မှုပုံစံတွေဆိုရင် တခြားသူတွေထက်ကို တစ်မူထူးပြီးကွဲထွက်နေတာ …”
“သူ့မှာ အသက်ငယ်ငယ်လေးနဲ့ ကိုရီးယားကိုလာခဲ့ရတာဆိုတော့ သူနဲ့ပတ်သက်ပြီး အမြဲစိတ်ပူခဲ့ရတာတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့အပြုံးတွေကို ပိုပိုပြီးမြင်လာရတယ်လေ … ကိုရီးယားမှာ တစ်နေ့ထက်တစ်နေ့ပိုပြီး နေသားကျသွားရင်တော့ သူက သေချာပေါက် ဒီ့ထက်ပိုပြီးမြင့်မားတဲ့နေရာကိုရောက်သွားမှာပါ .. သူ့မှာ ဖြစ်နိုင်ချေအများကြီးရှိတာကို ကျွန်တော်မြင်နေရတယ်ဗျ” လို့ဆိုကာ မှတ်ချက်ပေးထားတာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ Pharita ကလည်း “လေ့ကျင့်သင်ယူမှုတွေက ခက်ခဲတယ်ဆိုပေမဲ့ နေ့တိုင်းနီးပါး ပျော်စရာတွေကိုပဲ ကြိုးစားရှာဖွေပြီး နေထိုင်ခဲ့ပါတယ် … ကျွန်မ စံနမူနာထားရတဲ့သူကတော့ စီနီယာကြီး Lisa ပါ .. ဘာလို့လဲဆိုတော့ သူက စင်ပေါ်မှာဖျော်ဖြေတဲ့အချိန်ကျရင် အရမ်းဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတယ်လေ … ကျွန်မလည်း တစ်နေ့ကျရင် သူ့လိုမျိုးအောင်မြင်ချင်ပါတယ်”
“YG ရဲ့ အနုပညာရှင်စင်စစ်တစ်ယောက်ဖြစ်ချင်လို့ ကျွန်မ ထိုင်းကနေ ကိုရီးယားကို ရောက်လာခဲ့တာပါ … ဒီလိုမျိုးဖြစ်လာဖို့ကိုလည်း အရူးအမူးဖြစ်ခဲ့ရပါတယ် … ကျွန်မ တကယ်ပွဲထွက်ချင်ပြီး စတိတ်စင်ပေါ်မှာဖျော်ဖြေချင်နေပါပြီ” လို့ဆိုကာ သူမရဲ့ခံစားချက်အခြေအနေကိုပြောပြသွားခဲ့ပါတယ်။
Pharita ဟာဆိုရင် ၂၀၂၀ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ Global Audition ကနေတစ်ဆင့် YG Entertainment ကို ဝင်ရောက်ခွင့်ရခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၁၇ နှစ်မျှသာရှိသေးတာဖြစ်ပါတယ်။
Ref : GStarLive
Nemo