YouTube ရဲ့ လူကြည့်အများဆုံး K-Pop MV အဖြစ် ဆက်လက်ခရီးဆက်နေဆဲ PSY

PSY ရဲ့ global hit သီချင်း “Gangnam Style” ကတော့ ယနေ့ချိန်ထိတိုင် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ်။

Psy ရဲ့ “Gangnam Style” MV ဟာ YouTube ရဲ့ ကြည့်ရှုမှု 4.7 ဘီလီယံ views ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ P NATION မှ ကြေငြာလာခဲ့တာပါ။

“Gangnam Style” ဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Psy ရဲ့ ဆဌမမြောက် album ‘Psy 6 (Six Rules) Part 1’ ရဲ့ title track လေးလည်း ဖြစ်ပါတယ်။

“Gangnam Style” နဲ့အတူ PSY ဟာ Billboard ရဲ့ No. 2 နေရာကို ရောက်ရှိခဲ့ဖူးတဲ့ ပထမဆုံး K-pop အဆိုတော် ဖြစ်လာခဲ့သလို ခုနစ်ပတ်အကြာ ‘Hot 100’ မှာ charting ဝင်နေခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

ဒီသီချင်းဟာ ထွက်ရှိအပြီးမှာပဲ တစ်ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်းတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပြီး YouTune ရဲ့ လူကြည့်အများဆုံး K-pop MV, ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ကြည့်ရှုမှုအများဆုံး MV အစရှိတဲ့ စံချိန်တွေကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x