Instagram မှာ Follower အရေအတွက် တိုးတက်မှုအမြန်ဆန်ဆုံးသော အနုပညာရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ BTS အဖွဲ့ဝင် Jungkook

ကမ္ဘာကျော် K-pop Idol တစ်ယောက်ဖြစ်တဲ့ BTS အဖွဲ့ဝင် Jungkook ဟာဆိုရင် သူ့ရဲ့အောင်မြင်ကျော်ကြားမှု အရှိန်အဝါကို နောက်ထပ်နည်းလမ်းတစ်ခုနဲ့ ပြသလိုက်ပြန်ပါပြီ။
အဲဒါကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူမှုကွန်ရက်တွေ၊ ဖျော်ဖြေရေးပလက်ဖောင်းတွေမှ ဒေတာတွေကို အချိန်နဲ့တပြေးညီ စစ်တမ်းကောက်ယူနေလျက်ရှိတဲ့ Website တစ်ခုမှ အချက်အလက်တွေအရ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တုန်းကဆိုရင် Jungkook ကိုယ်တိုင်အသုံးပြုတဲ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကို Follow လုပ်ကြတဲ့သူ အရေအတွက်ဟာ တစ်နေ့တည်းနဲ့တင် ၂၀၇၉၀၀ ဦးရေ ရှိခဲ့တယ်ဆိုတာပါပဲ။
ဒါ့အပြင် Jungkook ရဲ့ အဆိုပါအင်စတာဂရမ်အကောင့်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း Follow လုပ်ခဲ့ကြတဲ့သူတွေကလည်း ၆ သိန်းကျော်အထိရှိခဲ့တာကိုတွေ့ရပါတယ်။
Jungkook ဟာဆိုရင် သူ့ရဲ့ယင်းလူမှုကွန်ရက်စာမျက်နှာကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းကမှ ဖွင့်လှစ်အသုံးပြုခဲ့တာဆိုပေမဲ့လည်း ဖွင့်လှစ်ပြီးနောက် တစ်နှစ်နဲ့ တစ်လအကြာမှာတင် Follower အရေအတွက် သန်း ၅၀ သွားခဲ့တာဖြစ်ပါတယ်။
Jungkook ဟာဆိုရင် Google နဲ့ YouTube မှာ ရှာဖွေမှုအများဆုံးသောသူအဖြစ် ငါးနှစ်ဆက်တိုက်ရရှိခဲ့သလို အမေရိကား၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ Pinterest မှာလည်း အရှာဖွေခံရဆုံးသော K-pop Idol တစ်ယောက်ဖြစ်ခဲ့ပြီး TikTok မှာတော့ ၂၈ လကြာမျှ လူကြည်အများဆုံးသော Hashtag ကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့မှာလည်း “Most Retweeted Person in Korea” မှာ နံပါတ် ၁ နေရာကနေရပ်တည်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာဆိုရင် “Most Retweeted Tweets in the World” ရဲ့ နံပါတ် ၁ နေရာကိုရရှိခဲ့ကာ ၂၀၂၀ ခုနှစ်မှာတော့ နံပါတ် ၂ နေရာကို ရရှိခဲ့တာတွေ့ရပါတယ်။
Ref : GStarLive
Nemo