BABY MONSTER အဖွဲ့ဝင်နဲ့ အဖွဲ့တစ်ဖွဲ့တည်းမှာ debut ခဲ့ဖူးတဲ့ NewJeans အဖွဲ့ဝင် Hyein
BABY MONSTER အဖွဲ့ဝင်နဲ့ အဖွဲ့တစ်ဖွဲ့တည်းမှာ debut ခဲ့ဖူးတဲ့ NewJeans အဖွဲ့ဝင် Hyein
YG ရဲ့ မိန်းကလေးအဖွဲ့အသစ် BABY MONSTER မှ အဖွဲ့ဝင်တစ်ဦးဟာ NewJeans အဖွဲ့ဝင် Hyein နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ထားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ YG Entertainment က သူတို့ရဲ့ SNS account မှာ BABY MONSTER ရဲ့ အသက် 14 နှစ်အရွယ် ကိုရီးယားအဖွဲ့ဝင် Rora ကို မိတ်ဆက်ပေးခဲ့ပါတယ်။
Rora အကြောင်း ပြောကြားခဲ့ရာမှာ Yang Hyun Suk က “ငယ်ငယ်လေးကတည်းက Rora ရဲ့ အရည်အချင်းတွေက အံ့မခန်းပါပဲ” လို့ ချီးကျူးခဲ့ပြီး Rora ကလည်း “လှပတဲ့ ရင်ခုန်သံတစ်ခုလို စင်မြင့်ပေါ်မှာ တောက်ပနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ် ” လို့ ပြောကြားရင်း BABY MONSTER ရဲ့ ပွဲဦးထွက်အတွက် မျှော်လင့်ချက်တွေကို မြှင့်တင်ခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ Rora ဟာ NewJeans အဖွဲ့ဝင် Hyein နဲ့ အဖွဲ့တစ်ဖွဲ့ထဲမှာ ပွဲဦးထွက်ခဲ့ဖူးတဲ့ အချက်အလက်တွေဟာ အင်တာနက်မှာ ပျံ့နှံ့လာခဲ့ပြီး အထောက်အထားတွေအရ ၂၀၁၇ ခုနှစ်မှာ Rora နဲ့ Hyein တို့ဟာ kid idol group “U.sso girl” မှာ ပွဲဦးထွက် ပါဝင်ဖူးခဲ့ကြတာပါ။
Rora နဲ့ Hyein တို့ကို U.sso girl album ရဲ့ ဂျာကင်အင်္ကျီ ဓာတ်ပုံများမှာ အတူတွေ့မြင်ခဲ့ရပြီး ထိုအချိန်က Hyein ဟာ Yoo Jung ဆိုတဲ့ အမည်ဖြင့် လှုပ်ရှားနေပြီး Rora ကတော့ Yoo Ha ဆိုတဲ့ အမည်ကို အသုံးပြုခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Hyein က ၂၀၂၂ ခုနှစ်မှာ NewJeans နဲ့ ပြန်လည် ပွဲဦးထွက်ခဲ့ပြီး အဖွဲ့ရဲ့ ဆန်းသစ်သော concept များ၊ ဂီတနဲ့ ကကွက်ပုံစတို့ကြောင့် NewJeans ဟာ “ပထမ” နှင့် “အကောင်းဆုံး” ဆိုတဲ့ စံချိန်များစွာကို အောင်မြင်ခဲ့ပြီး ဆုများစွာကို ဆက်လက်သိမ်းပိုက်နေဆဲ ဖြစ်ပါတယ်။
Rora ကလည်း BLACKPINK ပြီးနောက် ၇ နှစ်အကြာမှာ YG က ပွဲဦးထုတ်ပေးတော့မယ့် အဖွဲ့သစ်ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ကြေညာခံထားရပြီးဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ K-pop ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို နှိုးဆွထားနိုင်လျက်ရှိပါတယ်။
HYBE နဲ့ YG တို့လို ဒိတ်ဒိတ်ကြဲ အေဂျင်စီတွေအောက်မှာ သူတို့ရဲ့ အိပ်မက်တွေကို ပြန်လည်ကြိုးစားနေကြရင်း K-Pop scene ထက်မှာ မြင်တွေ့သွားရတော့မယ့် Hyein နဲ့ Rora တို့ကြားက အပြန်အလှန် တုံ့ပြန်မှုတွေကိုလည်း ပရိသတ်များစွာက စောင့်မျှော်နေကြပါပြီ။