Netflix ကနေပြသမယ့်ဇာတ်ကားအသစ်မှာ အတူပါဝင်သရုပ်ဆောင်ကြဖို့ရှိတဲ့ Gong Yoo နဲ့ Seo Hyun Jin

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနေ့တုန်းကထွက်ရှိလာခဲ့တဲ့သတင်းတစ်ခုကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ကိုရီးယားသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Gong Yoo နဲ့ မင်းသမီး Seo Hyun Jin တို့ဟာဆိုရင် Nefflix ကနေထုတ်လွှင့်ပြသသွားမယ့် “Trunk” လို့အမည်ရတဲ့ဇာတ်ကားအသစ်မှာ တွဲဖက်ပါဝင်သရုပ်ဆောင်သွားကြမယ်ဆိုတာပါပဲ။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ Gong Yoo နဲ့ Seo Hyun Jin တို့နှစ်ဦးစလုံးဟာ ပါဝင်ကြရမယ့်ဇာတ်ကောင်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ထုတ်လုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ကြပြီးဖြစ်တယ်လို့ သိရပါတယ်။

Gong Yoo အနေနဲ့ကတော့ Netflix ရဲ့ဇာတ်ကားတွေဖြစ်တဲ့ “Squid Game” နဲ့ “Sea of Silence” တို့မှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတာကြောင့် Netflix မှ ဇာတ်ကားတွေကို လက်ခံရိုက်ကူးတာဟာဆိုရင် ဒါက တတိယအကြိမ်ဖြစ်ကာ Seo Hyun Jin အတွက်ကတော့ အဆိုပါ “Trunk” ဇာတ်ကားဟာ ပထမဆုံးသော Netflix ဇာတ်ကားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

“Trunk” ဇာတ်ကားဟာဆိုရင် ဘ၀လက်တွဲဖော်ရှာဖွေပေးတဲ့ NM ဆိုတဲ့ ဖူးစာဘက်ကုမ္ပဏီတစ်ခုအကြောင်းကို ပုံဖော်ဖန်တီးရိုက်ကူးသွားမယ့် Melodrama အမျိုးအစားဖြစ်ပြီး ယင်းဇာတ်ကားထဲမှာတော့ Seo Hyun Jin က NM ကုမ္ပဏီမှ အိမ်ထောင်ရေးကိုလုံး၀အယုံအကြည်မရှိတဲ့ ကိုယ်စားလှယ်ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်သွားမှာဖြစ်ကာ Gong Yoo ကိုကတော့ ကမ္ဘာပေါ်မှာရှိတဲ့အိမ်ထောင်ရေးတွေအကုန်လုံးက အလိမ်အညာတွေလို့ယုံကြည်ထားတဲ့ တေးသီချင်းထုတ်လုပ်သူအဖြစ် မြင်တွေ့သွားရမှာဖြစ်ပါတယ်။

Ref : Koreaboo
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x