မအားလပ်တဲ့ကြားကမှ ချစ်သူ Sooyoung အတွက် တကူးတကအချိန်ပေးပြီး ဒိတ်လုပ်ခဲ့တဲ့ Jung Kyung Ho

ကိုရီးယားအနုပညာလောကရဲ့ နာမည်ကြီးစုံတွဲတစ်တွဲဖြစ်တဲ့ မင်းသား Jung Kyung Ho နဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung တို့နှစ်ယောက်ဟာဆိုရင် ချစ်သူသက်တမ်းကြာမြင့်လာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ အချစ်တွေ၊ သံယောဇဉ်ကလည်း ခိုင်မာလာခဲ့ပြီး သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးချပြနေကြသူတွေဖြစ်ပါတယ်။
လတ်တလောရက်ပိုင်းအတွင်းမှာလည်း နှစ်ယောက်သားဒိတ်လုပ်နေကြတဲ့ပုံရိပ်အချို့ဟာ ထွက်ပေါ်လို့လာခဲ့ပြီး ထွက်ရှိလာတဲ့သတင်းတွေအရဆိုရင် Jung Kyung Ho ဟာ သူ့ရဲ့ ဇာတ်လမ်းတွဲအသစ်ကြောင့် မအားလပ်တဲ့ကြားကနေ အချိန်ဖဲ့ယူပြီး ချစ်သူ Sooyoung ကို ခေါ်ဆောင်ကာ Hospital Playlist ဇာတ်ကားထဲက တွဲဖက်သရုပ်ဆောင်ဖြစ်သူ Jeon Mi Do ရဲ့ “Sweeney Todd” ဆိုတဲ့ တေးဂီတပြဇာတ်ကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကတည်းက ချစ်သူတွေအဖြစ်ကိုရောက်ရှိလာခဲ့ကြတာဖြစ်ပေမယ့် အခုလိုမျိုး လူမြင်ကွင်းမှာ အတူတွဲမြင်တွေ့ရတာဟာဆိုရင်တော့ ရှားပါတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်တုန်းကတော့ သူတို့စုံတွဲဟာ Sooyoung ရဲ့ တွဲဖက်သရုပ်ဆောင်ဖြစ်သူ Choi Tae Joon နဲ့ ဇနီးဖြစ်သူ Park Shin Hye တို့ ဇနီးမောင်နှံနဲ့ Double Date ပြုလုပ်ခဲ့ကြတာကိုတွေ့ရပါတယ်။
ဒါ့အပြင် အဲဒီနှစ်တစ်နှစ်တည်းမှာပဲ သူတို့စုံတွဲနှစ်ယောက်ဟာ အမေရိကန်ပြည်ထောင်စုဆီကို တစ်ပတ်တာမျှ အပန်းဖြေခရီးထွက်ခဲ့ကြပြီး အဆိုပါခရီးဟာဆိုရင် ဇာတ်ကားတွေကိုယ်စီမရိုက်ကူးခင်အချိန်မှာ နှစ်ယောက်တည်းအတူသွားခဲ့တဲ့ နောက်ဆုံးခရီးဖြစ်တယ်လို့သိရပါတယ်။
Ref : KDramaStars
Nemo