BTS အဖွဲ့ဝင်တွေထဲမှာ ဟင်းချက်အညံ့ဆုံးလက်ရာပိုင်ရှင်က သူကိုယ်တိုင်ဖြစ်တယ်လို့ဆိုလာတဲ့ V

နာမည်ကြီးထိပ်တန်း Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ရဲ့ အဖွဲ့ဝင်ဖြစ်သူ V ဟာဆိုရင် သူတို့အဖွဲ့ထဲမှာ ပုံမှန်အားဖြင့် ဟင်းချက်တာဝန်အစား သန့်ရှင်းရေးတာဝန်ကိုပဲ ယူလေ့ရှိသူဖြစ်တယ်ဆိုတာကို BTS ရဲ့ အမာခံပရိသတ်တွေကတော့ သိရှိထားပြီးဖြစ်မှာပါ။ ဒီလိုမျိုးဟင်းချက်တာဝန်ကို ရှောင်လွှဲတတ်တဲ့သူဟာ လက်ရှိမှာတော့ “Jinny’s Kitchen” ဆိုတဲ့ ဟင်းချက်အစီအစဉ်တစ်ခုမှာပါဝင်တင်ဆက်သွားမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဒီသတင်းကိုသိရှိလိုက်ကြချိန်မှာတော့ အတော်အသင့် အံ့အားသင့်သွားခဲ့ကြတာကိုတွေ့ရပါတယ်။
အခု ဖေဖော်ဝါရီလ ၂၂ ရက်နေ့တုန်းကဆိုရင် အဆိုပါအစီအစဉ်မှာပါဝင်တင်ဆက်သွားကြမယ့် V, Choi Woo Shik, Lee Seo Jin, Jung Yu Mi နဲ့ PD Na Young Seok တို့က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ပေးခဲ့ကြပြီး ယင်းပွဲမှာ V က ပရိသတ်တွေအတွက် စိတ်ဝင်စားမှုမြင့်သွားစေမယ့်အကြောင်းအရာတစ်ခုကို အသိပေးထုတ်ဖော်ခဲ့ပါတယ်။
အဲဒါကတော့ သူဟာ BTS အဖွဲ့ဝင်တွေထဲမှာဆိုရင် ဟင်းချက်လက်ရာအညံ့ဆုံးသူဖြစ်တယ်ဆိုတာပါပဲ။ ဒီအကြောင်းကိုတော့ V က “ဒါက ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာအမှတ်တရတစ်ခုဖြစ်တယ်လို့ ထင်ပါတယ် … ကျွန်တော်က ဒီအစီအစဉ်မှာ ဝိုင်းပြီးကူညီပေးရမယ်လို့ပဲ မျှော်လင့်ထားခဲ့ပေမဲ့ သူတို့က ကျွန်တော့်ကို ဟင်းချက်ခိုင်းလာတော့ အံ့ဩသွားခဲ့ရတယ်ဗျ”
“ဘာဖြစ်လို့လဲဆိုတော့ BTS အဖွဲ့ဝင်တွေထဲမှာ ကျွန်တော့်ရဲ့ဟင်းချက်လက်ရာက အဆိုးရွားဆုံးပဲ … အဲဒီတော့ ကျွန်တော်လည်း သူတို့က ဘာဖြစ်လို့ငါ့ကို ဟင်းချက်ခိုင်းတာပါလိမ့်ဆိုပြီး တွေးမိခဲ့တယ် … ဟင်းချက်နည်းတွေကိုလေ့လာလေလေ ဟင်းချက်ရတဲ့ပျော်ရွှင်မှုကို မသိလေလေပဲဗျ … တကယ် တော်တော်ကြီးကို ခက်တာပါဗျာ” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။
Ref : GStarLive
Nemo