ဝမ် သန်း ၁၀၀ တန်ဖိုးရှိတဲ့ ဖိနပ်တွေကို ခိုးယူခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသားငြင်းဆိုလာတဲ့ EXO အဖွဲ့ဝင် Suho

လတ်တလောရက်ပိုင်းအတွင်း K-pop ပရိသတ်တွေအကြားမှာ လှုပ်လှုပ်ခပ်ဖြစ်သွားစေခဲ့တဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကျော်ထိပ်တန်း Idol တစ်ယောက်ဖြစ်တဲ့ EXO အဖွဲ့ခေါင်းဆောင် Suho ဟာဆိုရင် စတိုင်လစ်တစ်ဦးဆီကနေ ဝမ် သန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ ရှူးဖိနပ်အရံ ၃၀၀ ကျော်ကို ခိုးယူခဲ့တယ်ဆိုတာပါပဲ။
ဒီသတင်းတွေကတော့ အဆိုပါစတိုင်လစ်တစ်ဦးဟာ သူ့ဆီကနေ ရှူးဖိနပ်အရံပေါင်း ၃၀၀ ကျော်ကို ယူစီးပြီးပြန်လည်ပေးအပ်လာခြင်းမရှိတဲ့ Idol တစ်ယောက်အကြောင်းကို သူ့ရဲ့ အင်စာတဂရမ်စတိုရီကနေတစ်ဆင့် ထုတ်ဖော်ခဲ့ရာကနေစတင်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
“ငါ့ဘက်က ဘာကိုမှထုတ်မပြောခင် ဖိနပ်တွေအားလုံးကို ပြန်ပို့ပေးပါ .. ဘာလို့ပြန်မပေးရတာလဲ .. ဖိနပ်စီးချင်တယ်ဆိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်လေ .. အခု ဒီပုံထဲကပုံတွေအပြင် နောက်ထပ် အရံ ၃၀၀ ကျော်ကလည်းပျောက်နေသေးတာ … မင်းကိုယ်မင်း လူကောင်းတစ်ယောက်လိုဟန်ဆောင်မနေစမ်းပါနဲ့ … ဟန်ဆောင်နေတာကိုရပ်လိုက်ပြီး လူတစ်ယောာက်လို ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုပဲ သင်ယူစမ်းပါ .. သူတောင်းစားအကျင့်တွေကိုလည်း ဖျောက်လိုက်ပါဦး”
“ငါ့မှာ ဒါတွေကို အချိန်ပေးပြီးစိစစ်ထားရတာကို မင်းကတော့ လုပ်ရက်လိုက်တာ … မင်းက လိုချင်စိတ်သာရှိတာ .. အသိတရားကတော့မရှိဘူးပဲ … ငါ အခု အဲဒီဖိနပ်တွေကို မင်းဆီကနေပြန်တောင်းနေတာ ၆ လရှိနေပြီ … ဘယ်တော့မှပြန်ပေးမှာလဲ … အင်စတာဂရမ်မှာ ဒါမျိုးတွေရေးရတာကို ငါကိုယ်တိုင်လည်းမကြိုက်ပေမဲ့ တကယ်လို့ မင်းဘက်က ပြန်မပေးဘူးဆိုရင်တော့ မင်းရဲ့ နာမည်ကို ငါဖော်ထုတ်ရလိမ့်မယ်”
“လူလိမ်တစ်ယောက်လိုနေထိုင်တာမျိုး ရပ်လိုက်ပြီး အသိတရားရှိပါတော့ … ငါ့ဘေးမှာရှိတဲ့လူတွေကိုလည်း ဆက်သွယ်ဖို့မလုပ်ပါနဲ့ … ကိုယ်လိုချင်တာတွေရှိရင် ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်ဝယ်ပါ … လူချမ်းသာတွေပဲဟာ … ကိုယ့်ပိုက်ဆံကိုယ်သုံးသင့်တာပေါ့ … တကယ်ဆွံ့အသောပဲ” လို့ဆိုကာ စတိုင်လစ်က သူ့ရဲ့ဖိနပ်တွေယူသွားတဲ့ Idol တစ်ယောက်အပေါ်မှာ ပေါက်ကွဲထားတာဖြစ်ပါတယ်။
အဲဒီလိုမျိုးစတိုင်လစ်ဘက်က ထုတ်ဖော်လာခဲ့ပြီးမှာတော့ တချို့အင်တာနက်အသုံးပြုသူတွေက အဆိုပါဖိနပ်တွေကိုခိုးသွားတဲ့ Idol ဆိုသူက ဖိနပ်တွေစုဆောင်းရတာ အလွန်အမင်းဝါသနာပါတဲ့ Suho ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချစွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ေဒီလိုမျိုးစွပ်စွဲထားတဲ့စကားတွေဟာ မှားယွင်းကြောင်း၊ Suho အနေနဲ့ ယင်းကိစ္စထဲမှာပါဝင်ပတ်သက်ခြင်းမရှိကြောင်းနဲ့ အဲဒီလိုစွပ်စွဲထားတဲ့သူတွေကိုလည်း တရားစွဲဆိုသွားမှာဖြစ်တယ်လို့ဆိုကာ Suho ရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment ဘက်ကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပေးလာခဲ့တာကိုတွေ့ရပါတယ်။
Ref : Koreaboo
Nemo