မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာအသေးစိတ်ကို ထုတ်ပြန်ပေးလာတဲ့ Lee Seung Gi နဲ့ Lee Da In

ဧပြီလ ၇ ရက်နေ့မှာ ရွှေလက်တွဲတော့မှာဖြစ်ကြောင်း တရားဝင်အသိပေးကြေညာထားတဲ့ Lee Seung Gi နဲ့ Lee Da In တို့ဟာဆိုရင် သူတို့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်လို့ ပရိသတ်တွေသိရှိထားသင့်တဲ့ အကြောင်းအရာအသေးစိတ်ကို ဖေဖောဝါရီလ ၂၃ ရက်နေ့ မနေ့တုန်းက Lee Da In ရဲ့အေဂျင်စီဖြစ်တဲ့ 9ato Entertainment ကနေတစ်ဆင့် အသိပေးထုတ်ပြန်လာခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်အရဆိုရင် မင်္ဂလာပွဲကို ဆိုးလ်မြို့၊ ဂန်နမ်ခရိုင်ရှိ Grand Intercontinental Seoul Parnas Hotel မှာ အကျဉ်းချုံးကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မင်္ဂလာအခမ်းအနားမှူးအဖြစ် Yoo Jae Suk က တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ကာ အဆိုတော် Lee Juck ကတော့ မင်္ဂလာမောင်နှံအတွက် ဂုဏ်ပြုတေးသီချင်းသီဆိုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Lee Seung Gi နဲ့ Lee Da In တို့နှစ်ယောက်ဟာဆိုရင် သူတို့နှစ်ဦးချစ်ကြိုက်နေတဲ့အချိန်ကို ၂၀၂၁ ခုနှစ် မေလမှာ တရားဝင်အတည်ပြုပေးခဲ့တာဖြစ်ပြီး လက်ထပ်တော့မယ့်အကြောင်းကိုတော့ အခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

Ref : Soompi
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x