မွေးနေ့အထိမ်းအမှတ်အဖြစ် မိဘနှစ်ပါးကို ဝမ် သန်း ၃၀ တန်ဖိုးရှိ ရွှေတွေဝယ်ပေးခဲ့တဲ့ Solar

MAMAMOO ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Solar ကတော့ ဒီ ၂၀၂၃ ခုနှစ်မှာကျရောက်တဲ့ သူမရဲ့မွေးနေ့အမှတ်တရအနေနဲ့ မိဘနှစ်ပါးဖြစ်သူအတွက် ၄၂၂ ဂရမ်ရှိ ရွှေတွေကိုဝယ်ယူပေးခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူမရဲ့ YouTube Channel ကနေတစ်ဆင့်တင်လာခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အခုလိုပဲဖွင့်ဟပြောပြသွားခဲ့ပါတယ်။
အဆိုပါဗီဒီယိုထဲမှာဆိုရင် သူမဟာ ပြီးခဲ့တဲ့နှစ်တုန်းက သူမရဲ့ မွေးနေ့အမှတ်တရအနေနဲ့ မိဘနှစ်ပါးဖြစ်သူအတွက် တန်ဖိုးကြီးကားတစ်စီကို လက်ဆောင်ပေးခဲ့ကြောင်း၊ အခု ဖေဖော်ဝါရီလကလည်း သူမရဲ့မွေးလဖြစ်တာကြောင့် ဘယ်လိုမျိုးလက်ဆောင်ပစ္စည်းကို ပေးသင့်သလဲဆိုတာကို စဉ်းစားလျက်ရှိနေကြောင်းနဲ့ မိဘတွေအကြိုက်နှစ်သက်ဆုံး လက်ဆောင်ပစ္စည်းက ဘယ်လိုအရာဖြစ်တယ်ဆိုတာကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်ချိန်မှာတော့ ရွှေဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် သူမအနေနဲ့လည်း ရွှေကိုပဲလက်ဆောင်အဖြစ် ပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းဆိုကာ ရှင်းလင်းပြောပြထားတာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ရွှေဆိုင်ကို သူမကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ဖခင်ဖြစ်သူအတွက် ၂၂၁ ဂရမ်၊ မိခင်ဖြစ်သူအတွက် ၂၂၁ ဂရမ်အလေးချိန်ရှိတဲ့ ရွှေတွေကို ဝယ်ယူပေးခဲ့ပြီး ဒီလိုမျိုး တစ်ယောက်ချင်းဆီအတွက် ရွှေ ၂၂၁ ဂရမ်ဝယ်ယူပေးခဲ့ရတဲ့အကြောင်းအရင်းကတော့ သူမရဲ့ မွေးနေ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဖြစ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
သူမကတော့ ယင်းဗီဒီယိုထဲမှာဝယ်ယူခဲ့တဲ့ ရွှေတွေရဲ့တန်ဖိုးပမာဏကို ထုတ်ဖော်ပြောပြခဲ့ခြင်းမရှိပေမဲ့ ပရိသတ်တွေရဲ့ ရှာဖွေတွေ့ရှိချက်တွေအရကတော့ အဆိုပါရွှေတွေရဲ့ တန်ဖိုးဟာ ဝမ် သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၃၀၀၀) မျှရှိတယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo