Wooga Squad ရဲ့ အဖွဲ့ဝင်ဖြစ်ကြတဲ့ V ၊ Choi Wooshik တို့နဲ့အတူ Jinny’s Kitchen မှာပါဝင်ရတဲ့ ခံစားချက်ကိုပြောပြလာတဲ့ Park Seo Joon

နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ဟာဆိုရင် သူ့အနေနဲ့ Jinny’s Kitchen အစီအစဉ်မှာ Wooga Squad ရဲ့ အဖွဲ့ဝင်ဖြစ်ကြတဲ့ V ၊ Choi Wooshik တို့နဲ့အတူပါဝင်ရတဲ့ ခံစားချက်အကြောင်းကို အခု ဖေဖော်ဝါရီလ ၂၂ ရက်နေ့တုန်းကပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲပြောပြသွားခဲ့တာကို တွေ့ရပါတယ်။

“ကျွန်တော့်အတွက်တော့ ဒီအစီအစဉ်ကို ရိုက်ကူးရတာက လေ့လာမှုအသစ်တွေကိုသင်ယူရတာထက် ကျွန်တော်တို့တွေ ပိုပြီးရင်းနှီးသွားဖို့အတွက် အခွင့်အရေးတစ်ခုလို့ ထင်ပါတယ် … ကျွန်တော်တို့တွေက ရင်းနှီးပြီးသားဆိုပေမဲ့ အများပြည်သူအရှေ့မှာဆိုရင်တော့ အပြောအဆို အနေအထိုင် အကုန်လုံးကို သတိထားရပါတယ် … ဒီအတိုင်း လူတွေမသိအောင် ကိုယ့်အဖွဲ့နဲ့ကိုယ်တွေ့ဆုံနေတာက ဘယ်ကနေဘယ်လိုမျိုး လူသိများသွားတယ်ဆိုတာတော့ မသိပါဘူးဗျာ”

“ကျွန်တော်က ကျွန်တော့်ကြောင့် သူငယ်ချင်းတွေ ထိခိုက်ပျက်စီးသွားမှာကို စိုးရိမ်နေခဲ့တာဗျ … ဒါပေမဲ့ အခုတော့လည်း လူတွေအားလုံးက သိနေကြပါပြီ” လို့ဆိုကာ Park Seo Joon က ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Choi Woo Shik က “မက္ကဆီကိုမှာ ရိုက်ကူးရေးလုပ်ခဲ့ရတာတွေကတော့ အမှတ်တရဖြစ်ခဲ့တယ်လို့ ခံစားမိသားဗျ … ကျွန်တော်တို့သုံးယောက်အတူ အခုလိုမျိုး အလုပ်ကိစ္စနဲ့ အမှတ်တရတွေဖန်တီးဖို့ဆိုတာက လွယ်တာမဟုတ်ဘူးလေ .. ဒါပေမဲ့ အခုလိုအမှတ်တရတွေ ဖန်တီးနိုင်ခဲ့လို့ ပျော်ရွှင်ခဲ့ရပါတယ်” လို့ဆိုကာထည့်သွင်းပြောခဲ့ပြီး V ကတော့ သူငယ်ချင်းနှစ်ယောက်နဲ့ အခုလိုအလုပ်အတူတွဲလုပ်ရတဲ့အခါမှာ သူတို့နဲ့ သူငယ်ချင်းတွေလို့ မခံစားရဘဲ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတစ်ဦးနဲ့ သူဌေးအဖြစ်နဲ့သာ ခံစားမိခဲ့တယ်လို့ဆိုကာ အရွှန်းဖောက်ပြောသွားခဲ့ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x