ကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော်အထိ ထိုးတက်သွားခဲ့ဖူးတဲ့ Rain

နာမည်ကြီးကိုရီးယားလူမျိုးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rain ဟာဆိုရင် ကျန်းမာပြီးတောင့်တင်းကျစ်လျစ်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးကိုပိုင်ဆိုင်ထားရှိသူတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော်အထိရောက်ရှိခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကိုတော့ Rain က သူနဲ့သက်တူရွယ်တူသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Lee Ji Young ကို သူ့ရဲ့ YouTube Channel မှာ ဧည့်သည်အဖြစ်ပါဝင်ပေးဖို့ ဖိတ်ခေါ်ခဲ့စဉ်အချိန်တုန်းက ပြောပြသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါဗီဒီယိုမှာဆိုရင် Rain က Lee Ji Young ကို မြင်မြင်ချင်းမှာတင် သူမရဲ့ပြောင်းမှုကိုသတိထားမိခဲ့တာကြောင့် “မင်း ဝိတ်ကျသွားတာလား” လို့ဆိုကာ မေးမြန်းခဲ့တာကြောင့် Lee Ji Young ကလည်း သူမအနေနဲ့ ကိုယ်အလေးချိန် ၁၄ ကီလိုဂရမ် (ပေါင် ၃၀ ခန့်) ကျဆင်းသွားခဲ့ကြောင်းကို ဝန်ခံလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Rain က “တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အရင်တုန်းက ၉၅ ကီလိုဂရမ် (ပေါင် ၂၀၀ ကျော်ဝန်းကျင်) လောက်ရှိခဲ့ဖူးတယ်ဗျ … ဒါပေမဲ့ ဒီဝိတ်နဲ့ဆိုရင် ကျွန်တော့်တစ်ဘ၀လုံးကို ဆုံးရှုံးသွားနိုင်တာတွေးမိပြီး အသည်းအသန်ဝိတ်ကိုချခဲ့ရတာပဲဗျို့ … အခုမှပဲ ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားတာ” လို့ဆိုကာ သူ့ရဲ့ ကိုယ်အလေးချိန်အကြောင်းနဲ့ပတ်သက်လို့ ပြောပြခဲ့တာကိုတွေ့ရပါတယ်။
Ref : GStarLive
Nemo