သရုပ်ဆောင်အလုပ်ထက် အိမ်ထောင်ရေးက ပိုအရေးကြီးတယ်လို့ခံယူထားတဲ့ Lee Jae Wook

Alchemy of Souls ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိပြီး ယခင်ကထက်ပိုမိုအောင်မြင်လာခဲ့သူ မင်းသား Lee Jae Wook ဟာ သရုပ်ဆောင်အလုပ်ထက် ချစ်ရသူနဲ့အိမ်ထောင်ပြုရတဲ့အရေးက ပိုပြီးအရေးကြီးတယ်လို့ ခံယူထားသူတစ်ယောက်ဖြစ်ပြီး ဒီအကြောင်းကိုတော့ သူက သူငယ်ချင်းတွေဖြစ်တဲ့ SF9 အဖွဲ့ဝင် Ro Won ၊ မင်းသမီး Kim Hye Yoon တို့နဲ့အတူ ‘House on Wheels 4’ အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်တင်ဆက်ခဲ့စဉ်တုန်းက ပြောပြသွားခဲ့တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာဆိုရင် တင်ဆက်သူဖြစ်တဲ့ Sung Dong Il က Lee Jae Wook တို့ သူငယ်ချင်းသုံးယောက်ကို “အိမ်ထောင်ရေးနဲ့ သရုပ်ဆောင်အလုပ်မှာ ဘယ်အရာက မင်းတို့အတွက် ပိုပြီးအရေးကြီးသလဲ” လို့ဆိုကာမေးမြန်းခဲ့ပြီး ဒီမေးခွန်းကိုတော့ Lee Jae Wook နဲ့ Ro Won တို့က “အိမ်ထောင်ရေး” လို့ဆိုကာပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Lee Jae Wook က “ဒီလိုကြာမြင့်လှတဲ့ လူ့ဘ၀သက်တမ်းမှာ ကြင်ဖော်ကြင်ဖက်ဆိုတာမရှိရင် ပျင်းစရာကောင်းတယ်လို့ ကျွန်တော်ကတော့ ထင်တယ်ဗျ … ဒါကြောင့် လက်ထပ်တာက ကျွန်တော့်ဘေးမှာ အမြဲတမ်းရှိနေပေးမဲ့သူကို ရှိခွင့်ပေးတဲ့အရာလို့ ယုံကြည်ထားပါတယ် … ကျွန်တော်နဲ့အတူ အိုမင်းသွားပြီး ကလေးတွေကိုအတူပြုူစုစောင့်ရှောက်သွားမယ့် မိန်းကလေးမျိုး … ပြီးတော့ ကျွန်တော့်ရဲ့ ပုံစံအစစ်အမှန်ကို ချစ်မြတ်နိုးပြီး ပင်ပန်းခက်ခဲတဲ့အချိန်တွေမှာလည်း တစ်ယောက်ကိုတစ်ယောက် အမှီအတွယ်ပြုသွားမယ့်သူမျိုး … ကျွန်တော်လိုချင်တဲ့ ဆက်ဆံရေးက အဲဒီလိုမျိုးဗျ” လိုံဆိုကာ Lee Jae Wook က သူ့ရဲ့ခံယူချက်အကြောင်းကိုရှင်းပြခဲ့တာကို တွေ့ရပါတယ်။
Ref : SBS Star
Nemo