စစ်မှုမထမ်းဆောင်ခင်အချိန်မှာ Special Solo Single ထွက်ရှိသွားမယ့် BTS အဖွဲ့ဝင် J-Hope

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီနေ့ မနက်အစောပိုင်းမှာထွက်ရှိလာတဲ့ သတင်းတစ်ခုကတော့ နာမည်ကျော်ထိပ်တန်း Idol တစ်ယောက်ဖြစ်တဲ့ BTS အဖွဲ့ဝင် J-Hope ဟာဆိုရင် စစ်မှုမထမ်းဆောင်ခင်အချိန်အတွင်းမှာ ‘on the street’ လို့အမည်ရတဲ့ တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ကိုထွက်ရှိသွားဦးမှာဖြစ်တယ်ဆိုတာပါပဲ။
ဒီအကြောင်းကို BIG HIT Music မှ အတည်ပြုထုတ်ပြန်ပေးလာတာဖြစ်ပြီး ယင်းထုတ်ပြန်ချက်အရဆိုရင် အဆိုပါသီချင်းကို J-Hope က သူ့ရဲ့ပရိသတ်တွေအတွက် ရည်ရွယ်ကာ သူကိုယ်တိုင် ဖန်တီးရေးစပ်ထားတာဖြစ်ကာ သီချင်းကတော့ မတ်လ ၃ ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လည် ၂ နာရီအချိန်မှာထွက်ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။
J-Hope ဟာ သူ့အနေနဲ့ မကြာခင်အချိန်အတွင်းမှာ စစ်မှုထမ်းဆောင်နိုင်ဖို့အတွက် သူ့ရဲ့စစ်မှုထမ်းရွေ့ဆိုင်းခွင့်ကို ဖျက်သိမ်းပေးဖို့လျှောက်ထားတောင်းဆိုပြီးဖြစ်ကာ ဒီအကြောင်းကိုတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနေ့တုန်းက BIG HIT Music မှ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် J-Hope အနေနဲ့ သိပ်မကြာခင်အချိန်တိုအတွင်းမှာ စစ်မှုထမ်းဆောင်တော့မှာဖြစ်ပြီး BTS အဖွဲ့ဝင်တွေထဲမှာတော့ သူဟာ Jin ပြီးနောက် ဒုတိယမြောက်စစ်မှုထမ်းတဲ့ အဖွဲ့ဝင်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။
Ref : GStarLive
Nemo