Jisoo ဝတ်ဆင်ပြီးတာနဲ့ ချက်ချင်းဆိုသလို Sold Out ဖြစ်သွားခဲ့တဲ့ ကန်ဒေါ်လာ ၅၂၀၀ တန် Dior ဝတ်စုံ

နာမည်ကြီးအမျိုးသမီးထိပ်တန်း Idol တစ်ယောက်ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင်ဖြစ်သူ Jisoo ဟာဆိုရင် ဖျော်ဖြေရေးအနုပညာပိုင်းမှာသာမက ဖက်ရှင်လောကမှာပါ လွှမ်းမိုးမှုရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာကို အခုတစ်ခါမှာလည်းဖြစ်ရပ်နှစ်ခုနဲ့ သက်သေပြလိုက်ပြန်ပါပြီ။

ပထမတစ်ခုကတော့ လတ်တလောထွက်ရှိလာတဲ့ Vogue France မဂ္ဂဇင်းကို ပရိသတ်သန်းပေါင်းစွာက အလုအယက်ဆိုသလို ဝယ်ယူခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ယင်းနာမည်ကျော်အနောက်တိုင်းဖက်ရှင်မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာ ကိုရီးယားလူမျိုးအနုပညာရှင်ကို အခုလိုမျိုးထည့်သွင်းရိုက်ကူးတာဟာဆိုရင် ဒါကပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Vogue France ရဲ့အယ်ဒီတာချုပ်ဖြစ်သူ Eugenie Trochu ကတော့ Jisoo ကို မျက်နှာဖုံးရှင်အဖြစ်ထည့်သွင်းရိုက်ကူးထားတဲ့ သူတို့မဂ္ဂဇင်းကိုဝယ်ယူခဲ့ကြတဲ့ ပရိသတ်အရေအတွက်ကများပြားလွန်းတာကြောင့် Website တောင်မှ ပြုတ်ကျခဲ့ရတယ်လို့ဆိုကာ သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် အသိပေးခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် အဆိုပါမဂ္ဂဇင်းမျက်နှာဖုံးမှာ Jisoo ဝတ်ဆင်ပြသခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅၂၀၀ တန် Dior အနက်ရောင်ဝတ်စုံဟာလည်း စျေးဝယ်ပလက်ဖောင်းအသီးသီးအထက်မှာ Sold Out ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x