ဆင်းရဲ/ချမ်းသာ အခြေအနေတွေမတူညီပေမဲ့ အချိုမြိန်ဆုံး အချစ်ရဲ့ရသကို ခံစားရမယ့် K-Drama လေးများ
ဆင်းရဲ/ချမ်းသာ အခြေအနေတွေမတူညီပေမဲ့ အချိုမြိန်ဆုံး အချစ်ရဲ့ရသကို ခံစားရမယ့် K-Drama လေးများ
K-Drama လောကမှာ အလွန်အသုံးများတဲ့ ဇာတ််အိမ်တစ်ခုဖြစ်တဲ့ အဓိက ဇာတ်ကောင်တွေထဲက တစ်ယောက်ဟာ မယုံနိုင်လောက်အောင် ချမ်းသာပြီး အခြားတစ်ယောက်က မယုံနိုင်လောက်အောင် ဆင်းရဲတာမျိုးကို မကြာခဏ ကြည့်ရှုဖူးကြမယ်ထင်ပါတယ်။
ဒီလိုမျိုး ဇာတ်အိမ်တည်ရတဲ့ ရည်ရွယ်ချက်ကလည်း အချစ်မှာ ကန့်သက်ချက်တွေ မရှိနေဘဲ ဆင်းရဲ/ချမ်းသာ အတူတူရင်ဆိုင်နိုင်ကြောင်း ဖော်ပြလိုတာဖြစ်ပြီး ပရိသတ်တွေများစွာကို ကြိုက်နှစ်သက်စေခဲ့တဲ့ ဘဝပေး အခြေအနေတွေ မတူညီခဲ့တဲ့ K-Drama စုံတွဲလေးတွေပါ။
1. “A Business Proposal”
“A Business Proposal” ဟာ ရသအမျိုးမျိုး ပေးစွမ်းနိုင်ခဲ့ပြီး ချမ်းသာ/ဆင်းရဲ အချစ်ပုံပြင်ဟာ ပရိသတ်တွေရဲ့ နှလုံးသားကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ Ha Ri ရဲ့ သူဌေးလည်းဖြစ်၊ ချစ်သူလည်းဖြစ်တဲ့ Tae Moo ဟာ အစပိုင်းတွင် အေးစက်နေခဲ့ပေမဲ့ Ha Ri အပေါ် ခံစားချက်များ တိုးပွားလာသောအခါ မယုံနိုင်လောက်အောင် ချိုမြိန်လာခဲ့ပါတော့တယ်။
2. “Coffee Prince”
“Coffee Prince” ဟာ ပရိသတ်တို့အတွက် rom-com တစ်ခုဖြစ်ပြီး ဒီထဲမှာတော့ Go Eun Chan ဟာ အချိန်ပိုင်းအလုပ်များစွာကို လုပ်ကိုင်နေရတဲ့ ဆင်းရဲနွမ်းပါးသော မိန်းကလေးဖြစ်ပါတယ်။
ကော်ဖီဆိုင်မှာ barista အဖြစ် အလုပ်ရခဲ့ပြီး သူ သူဌေး Han Kyul နဲ့လည်း ဆုံစည်းခဲ့ရာ Han Kyul က Eun Chan ကို ဘယ်လောက်ထိ သဘောကျလဲဆိုတာနဲ့ သူမနဲ့ အတူရှိနေဖို့အတွက် အတိတ်ကအရာတွေကို ဂရုမစိုက်ခဲ့တာတွေအတွက် ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲနေစေမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။
3. “Fated to Love You”
Jang Nara က “Fated to Love You” မှာ Kim Mi Young လို့ ခေါ်တဲ့ ပုံမှန်မိန်းကလေးအဖြစ်နဲ့ ချမ်းသာကြွယ်ဝတဲ့ Lee Gun ( Jang Hyuk ) နှင့် တွေ့ဆုံခဲ့ပြီး တစ်ညတာ မှားမိခဲ့သွားကြပါတယ်။
အဲဲဒီကနေ ကိုယ်ဝန်လွယ်ခဲ့ရပြီး တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ ခံစားချက်တွေကို မသေချာသေးခဲ့ချိန် ဆက်ဖြစ်လာမယ့် အရာတွေက အတော်လေး ကြည့်ကောင်းခဲ့ပါတယ်။
4. “Shining Inheritance”
ဒီစီးရီးတစ်ခုလုံးကို Go Eun Sung ရဲ့ ငွေနောက်လိုက်ပုံနဲ့ တည်ဆောက်ထားပါတယ်။ မယုံနိုင်လောက်အောင် ချမ်းသာတဲ့ Seon Woo Hwan နဲ့တွေ့တဲ့အခါ သူမကို ချစ်မိရုံတင်မကဘဲ စည်းစိမ်ဥစ္စာတွေ အများကြီးရနိုင်တဲ့ အခွင့်အရေးလည်း ရရှိခဲ့ပါတယ်။
သူတို့တွေရဲ့ ပင်ကိုယ်စရိုက်နဲ့ လူမှုအဆင့်အတန်းတို့က ဘယ်လောက်ထိ ဆန့်ကျင်ဘက်ဖြစ်နေလဲဆိုတာကလည်း အချစ်ဇာတ်လမ်းကို ပိုပြီးကြွတက်လာစေခဲ့ပါတယ်။
5. “Love in the Moonlight”
ပြည်တွင်းနဲ့ ပြည်ပမှာ အရမ်းအောင်မြင်သွားခဲ့တဲ့ တော်ဝင်မျိုးနွယ်နဲ့ အမှုထမ်းတို့ရဲ့ အချစ်ပုံပြင် ဒီ Drama မှာ Hong Ra On (Kim Yoo Jung) အိမ်ရှေ့မင်းသား Lee Young ( Park Bo Gum) ရဲ့ မိန်းမစိုးဖြစ်ပါတယ်။
Lee Young က Ra On ကို မိန်းကလေးဖြစ်တယ်ဆိုတာကို စတင်သတိထားမိပြီး သူမနဲ့အတူ ရှိဖို့ရာအတွက် အန္တရာယ်တွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီး စွန့်လွှတ်အနစ်နာခံမှုတွေလည်း အများကြီးလုပ်ခဲ့တယ်။
6. “Romance Is a Bonus Book”
“Romance Is a Bonus Book” မှာ ထုတ်ဝေရေး ကုမ္ပဏီတစ်ခုက စာရေးဆရာနဲ့ အယ်ဒီတာ Cha Eun Ho အဖြစ် Lee Jong Suk နဲ့ အလုပ်ရဖို့ ရုန်းကန်နေတဲ့ တစ်ခုလတ် မိခင် Kang Dan Yi အဖြစ် Lee Na Young တို့ရဲ့ အခြေအနေတွေ မတူညီတဲ့ကြားက တစ်ယောက်က တစ်ယောက်ကို ဖေးမပေးခဲ့တဲ့ ချိုမြိန်တဲ့ အချစ်ပုံပြင်တစ်ပုဒ်ပါ။
7. “It’s Okay to Not Be Okay”
Go Moon Young နေထိုင်တဲ့ ခမ်းနားထည်ဝါတဲ့ အိမ်ကြီးနဲ့ စျေးကြီး အဝတ်အစားများက ချမ်းသာသောဘဝကို ပုံဖော်ထားပြီး Kang Tae နဲ့ သူ့အစ်ကို Sang Tae တို့ရဲ့ တိုက်ခန်းကျဉ်းလေးမှာ နေထိုင်ဖို့ ကြိုးစားခဲ့ရင်း သူတို့ရဲ့ ဘဝနေထိုင်မှုတွေကို ညီမျှစေခဲ့ပါတယ်။
Moon Young က Kang Tae ကို သူ့ဘဝမှာ လိုအပ်နေပြီး ဒီအတွက်လည်း ဘာမဆိုလုပ်ဆောင်ရန် ဆန္ဒရှိနေသူပါ။ သူမရဲ့ စိတ်အားထက်သန်မှုနဲ့ တွန်းအားတို့ဟာ ဒီအချစ်ဇာတ်လမ်း တိုးတက်လာတာနဲ့အမျှ စိတ်ခံစားမှုတွေကို အမြင့်ဆုံးကို ဆွဲခေါ်သွားပါတော့တယ်။