D.O. နဲ့ Lee Kwang Soo တို့ပေါင်းပြီး သူ့ကိုဒုက္ခပေးခဲ့ပုံတွေကို ပြောပြလာခဲ့တဲ့ Jo In Sung
D.O. နဲ့ Lee Kwang Soo တို့ပေါင်းပြီး သူ့ကိုဒုက္ခပေးခဲ့ပုံတွေကို ပြောပြလာခဲ့တဲ့ Jo In Sung
“It’s Okay, That’s Love” ဆိုတဲ့ drama လေးကို အတူရိုက်ကူးရင်း သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြတဲ့ မင်းသား Jo In Sung, EXO အဖွဲ့ဝင် D.O နဲ့ အာရှမင်းသားလေး Lee Kwang Soo တို့ရဲ့ ဆက်ဆံရေးကတော့ ပရိသတ်တွေအတွက် အားကျချင်စရာပါပဲ။ သုံးယောက်ပေါင်း လောင်းကျော် လို့ ဆိုရလောက်အောင်ကို သူတို့သုံးယောက်သားက ညီအစ်ကိုတွေလိုမျိုး အတွဲအဖက်ညီညီ တပူးပူးတတွဲတွဲ တွေ့မြင်ခဲ့ကြရတာပါ။
ဒီတစ်ခေါက် ပြောပြပေးမယ့် အကြောင်းအရာကတော့ မင်းသား Jo In Sung တစ်ယောက် သူတို့သုံးယောက်ရဲ့ အမှတ်တရအချို့ကို ဝေမျှသွားပုံလေးပါပဲ။ အဲ့အမှတ်တရတွေကတော့ သူတို့သုံးယောက်ပေါင်းပြီး ခရီးအတူတူထွက်တာနဲ့ ပတ်သက်နေပြီး သုံးယောက်သားက မိသားစုဝင်တွေလိုမျိုး တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီလိုက်၊ စနောက်အငြင်းပွားပြီး ဆေးထိုးလိုက်နဲ့ အတိုက်အဖောက်ညီခဲ့ကြတာပါ။
Jo In Sung က “ကျွန်တော်တို့တွေက သူငယ်ချင်းကောင်းတွေ ဖြစ်ကြပေမဲ့ အမူကျင့်တွေကတော့ တစ်စက်လေးမှကို မတူညီကြပါဘူး။ ပထမဆုံး D.O အကြောင်းကို ပြောပြပါမယ်။ ကျွန်တော်က ခရီးတွေဘာတွေ သွားရင်း လမ်းလျှောက်ပြီး ရှုခင်းဘာညာ ခံစားတတ်တဲ့သူ။ သူကျတော့ taxi ပေါ် ကောက်တက်သွားတာ။ ဘယ်လိုလူလည်း မသိပါဘူးဗျာ” ဆိုပြီး D.O ရဲ့အကြောင်းကို ပြောပြသွားခဲ့ပါတယ်။
“ပြီးတော့ Lee Kwang Soo ရှိသေးတယ်။ D.O က taxi ငှားလို့ သူ့ကို လိုက်ရှာတော့ နှစ်ယောက်သားက taxi ပေါ် ရောက်နေပြီ။ သွားနှင့်တော့မယ်နော် ဆိုပြီး ထားသွားတတ်တဲ့လူတွေဗျ” လို့ အရွှန်းဖောက်ရင်း “Lee Kwang Soo ရဲ့ ခရီးသွား fashion က ရယ်ရတယ်ဗျ။ သူက လူအများ မှတ်မိလွယ်သလို အရပ်ကလည်း တော်တော်ရှည်တာကို။ အဲ့တာကြောင့် သူက အရောင်ထင်းထင်းတွေ၊ ထူးခြားတဲ့ အဝတ်အစားတွေ ရွေးချယ်တာလားတော့ မပြောတတ်ဘူး။”
“သူက အဲ့လိုတွေဝတ်တော့ လူတွေက ဝိုင်းကြည့်။ ပြီးရင် သူမှန်း သတိထားမိချိန် ကျွန်တော်တို့နား လူတွေ ဝိုင်းအုံလာတော့တာပါပဲ။ ပြီးတော့ စကားပြောရင်လည်း broadcasting လုပ်နေသလို အသံ အရမ်းကျယ်တယ်ဗျ။ ပြီးရင် တစ်လမ်းလုံး သူက ဒိုင်ခံ မျက်နှာပြောင်နေတော့တာပါပဲ။ ကျွန်တော်နဲ့ D.O က မပေါပါဘူး။ ကျွန်တော်တို့နှစ်ယောက် ပေါလာတာက သူ့ကြောင့်ပါလို့” ပြောကြားသွားခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော သူတို့သုံးယောက်အတွဲဟာ ပရိသတ်တွေ အမြင်မှာတော့ အတိုင်အဖောက်ညီပြီး အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းအုပ်စုလေးပါပဲ။