သူ့ရဲ့မျက်လုံးပုံစံကြောင့် ငယ်စဉ်အရွယ်တုန်းက သူများတွေရဲ့ ကိုယ်ထိလက်ရောက်နိုင်ထက်စီးနင်းပြုမှုကိုခံစားခဲ့ရဖူးတဲ့ Seo In Guk

ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်တဲ့ Seo In Guk ဟာဆိုရင် သူ့ရဲ့တစ်မူထူးခြားတဲ့မျက်လုံးပုံစံကြောင့် ငယ်စဉ်အရွယ်တုန်းက တခြားလူတွေရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီအကြောင်းကို Seo In Guk က YouTube Channel တစ်ခုရဲ့ အစီအစဉ်တစ်ခုမှာ ဧည့်သည်အဖြစ် ပါဝင်တင်ဆက်ခဲ့စဉ်တုန်းက ပြောပြခဲ့တာဖြစ်ပြီး ယင်းအစီအစဉ်မှာဆိုရင်တော့ တင်ဆက်သူ YouTuber နဲ့ Seo In Guk တို့ဟာ လျှောက်သွားရင်း တွေ့တဲ့သူတွေကို လွဲမှားတဲ့အယူသီးမှုတွေအကြောင်း ပြောပြခဲ့ကြပါတယ်။

ဒီလိုပြောတဲ့အခါမှာတော့ Seo In Guk က သူနဲ့တွေ့တဲ့သူတွေကို မျက်လုံးချင်းစုံကြည့်ဖို့ကြိုးစားခဲ့ပေမဲ့ အဲဒီလူတွေက Seo In Guk ရဲ့ မျက်လုံးကိုရှောင်ဖယ်ပြီး အကြည့်ချင်းမဆုံအောင် ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။

Seo In Guk ရဲ့ အဖြစ်ကို တင်ဆက်သူဖြစ်တဲ့ Lee Seok Hoon က ကြားလိုက်ချိန်မှာတော့ ရယ်မောပြီး “မင်းရဲ့ မျက်လုံးပုံစံက ကြောက်ဖို့ကောင်းနေတယ်ဆိုတာရော မင်းကိုယ်မင်း သိရဲ့လား” လို့ဆိုကာ အရွှန်းဖောက်စနောက်ဟန်နဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီအခါမှာတော့ Seo In Guk ကလည်း ရယ်ရယ်မောမောနဲ့ “သိတာပေါ့ဗျ … ငယ်ငယ်တုန်းကဆိုရင် ကျွန်တော့်ရဲ့ အကြည့်တွေက ရိုင်းတယ်ဆိုပြီး လူကြီးတွေက ကျွန်တော့်ကို ခဏခဏရိုက်နှက်ဆုံးမခဲ့ကြတာလေ” လို့ဆိုကာ သူ ကြုံခဲ့ရတဲ့ ထိတ်လန့်စရာ ကလေးဘဝတုန်းက အတိတ်တစ်ခုအကြောင်းကို ပြန်လည်အသိပေးဖွင့်ဟသွားခဲ့ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x