Instagram မှာ ဗိုင်းရပ်စ်လို ကူးစက်ပျံနှံ့သွားခဲ့ဖူးကြတဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံလေးများ

Instagram မှာ ဗိုင်းရပ်စ်လို ကူးစက်ပျံနှံ့သွားခဲ့ဖူးကြတဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံလေးများ

BLACKPINK ဟာ သူတို့ရဲ့ ပွဲဦးထွက်ကတည်းက Instagram အကောင့်တစ်ခုစီရှိနေပြီဖြစ်လို့ ပရိသတ်တွေနှစ်သက်တဲ့ ပို့စ်ပေါင်း ရာနဲ့ချီရှိနေတာ အံ့သြစရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အခုဖော်ပြပေးသွားမယ့် ဓာတ်ပုံလေးတွေကတော့ နတ်ဘုရားမလေးတွေလို လှပကြတဲ့ BLACKPINK အဖွဲ့ဝင်တွေက Instagram တစ်ခွင် ဗိုင်းရပ်စ်လို ပျံ့နှံ့သွားစေခဲ့တဲ့ ပုံရိပ်လေးတွေဖြစ်ပါတယ်။

1. Jennie ရဲ့ Chanel ဝတ်စုံ

Jennie သည် Chanel ကို နေ့စဥ်နီးပါး ဝတ်ဆင်လေ့ရှိတာကြောင့် “Human Chanel” လို့ လူသိများပါတယ်။

2. Rosé ရဲ့ Yves Saint Laurent ဝတ်စုံ

Rosé ကတော့ Yves Saint Laurent အမှတ်တံဆိပ်နဲ့ လက်တွဲထားသူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဆောင်းဦးရာသီမှာလည်း ပဲရစ်မြို့ရှိ Yves Saint Laurent ဖက်ရှင်ရှိုးသို့ ဖိတ်ကြားခံခဲ့ရပါတယ်။

3. Lisa ရဲ့ Pink Venom ဆယ်လ်ဖီများ

Lisa ကတော့ Pink Venom စင်မြင့်ထက်မှာ ပရိတ်သတ်တွေ အနှစ်သက်ဆုံး ၀တ်စုံလေးနဲ့ ဆယ်လ်ဖီရိုက်ခဲ့ပါတယ်။

4. Jisoo ရဲ့ Paris ခရီးစဥ်

Jisoo ဟာ Dior 2023 ဖက်ရှင်ရှိုးပွဲအတွက် Paris ကို ခရီးထွက်ခဲ့ပြီး သူမရဲ့ ကြော့ရှင်းတဲ့အသွင်အပြင်ကို ပရိသတ်တွေက အလွန် သဘောကျခဲ့ကြပါတယ်။

5. Lisa ရဲ့ ဖက်ရှင် Trend အသစ်

ဘေ့စ်ဘောဦးထုပ်နဲ့ ဂါဝန်ပေါင်းစပ်ထားမှုကြောင့် Lisa ဟာ ဒီပို့စ်နဲ့ ရေပန်းစားသွားခဲ့ပြီး ပရိသတ်တွေကလည်း သူမရဲ့ ထူးခြားတဲ့စတိုင်ရွေးချယ်မှုတွေကို သဘောကျခဲ့ကြပါတယ်။

6. Jennie ရဲ့ ခရစ္စမတ် ဆုတောင်း

Jennie ရဲ့ ၂၀၂၀ ခရစ်စ္စမတ် ပို့စ်လေးဟာလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ဓာတ်ပုံများမှာ သူမဝတ်ထားခဲ့တဲ့ ဝတ်စုံလေးဟာလည်း မိနစ်ပိုင်းအတွင်း အွန်လိုင်းမှာ ရောင်းထွက်သွားခဲ့ပါတယ်။

7. Rose ရဲ့ Met Gala ဝတ်စုံ

ဖော်ပြခဲ့တဲ့အတိုင်း Rosé ဟာ Yves Saint Laurent အမှတ်တံဆိပ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတာကြောင့် ၂၀၂၁ ခုနှစ်မှာ Met Gala ကို YSL ရဲ့ ဖိတ်ကြားခြင်းကို ခံခဲ့ရပါတယ်။ Rosé က Met Gala ပွဲကို တက်ရောက်ခဲ့ဖူးတဲ့ အလွန်နည်းပါးသော K-Pop Idol များထဲမှ တစ်ဦးဖြစ်တာကြောင့် K-Pop ရဲ့ အကြီးမားဆုံးနေ့တစ်နေ့အဖြစ်လည်း viral ဖြစ်သွားခဲ့ပါတယ်။

8. Jisoo ရဲ့ Jeju Cafe ဓာတ်ပုံများ

Jisoo ဟာ Jeju ကျွန်းမှာ အားလပ်ရက် အချိန်ဖြုန်းနေစဉ် ပရိသတ်များကို update လုပ်လာခဲ့ရာမှာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့ သူမရဲ့ အသွင်အပြင်ကို ပရိသတ်တွေက သဘောကျခဲ့ကြပါတယ်။

9. Jisoo ရဲ့ Hello Kitty ဆယ်လ်ဖီများ

Jisoo ဟာ မကြာသေးမီက Instagram မှာ mirror selfie တချို့ကို တင်ထားခဲ့ပြီး ပရိသတ်တွေက သူမရဲ့ ဆံပင်ပုံစံလေးကို အရမ်းသဘောကျခဲ့ကြပါတယ်။ သူမဟာ ပန်းရောင်စင်မြင့်ဝတ်စုံနှင့် လိုက်ဖက်စေမယ့် Hello Kitty စတစ်ကာလေးကိုပါ ပေါင်းထည့်ခဲ့ပါတယ်။

10. Rose ရဲ့ Laid-Back Mirror Selfie

Rosé ဟာ ဖက်ရှင်ပွဲတွေမှာ မကြာခဏ ပရိသတ်တွေကို ဖမ်းစားတတ်ပေမဲ့ သူမရဲ့ ရိုးရှင်းတဲ့ selfie ကလည်း ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

11. Jennie ရဲ့ Jacquemus ဝတ်စုံ

Jacquemus ’21 ဖက်ရှင်ရှိုးမှ Jennie ရဲ့ ပို့စ်များဟာလည်း သူမရဲ့ ရင်သပ်ရှုမောဖွယ် ဝတ်စားဆင်ယင်မှုအတွက် Instagram ထက်မှာ ပျံ့နှံ့သွားခဲ့ရပြန်ပါတယ်။ Jennie ကို ဖက်ရှင်ရှိုးပွဲတွေမှာ မြင်တွေ့ရတာကိုလည်း ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြပါတယ်။

12. Lisa ရဲ့ ခွေးလေးနဲ့ ပုံရိပ်

Lisa ဟာ သူမရဲ့ Instagram မှာ ခွေးလေးတစ်ကောင်နဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ထားခဲ့ရာမှာလည်း ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x