အိမ်နီးချင်းအာရှနိုင်ငံတွေမှာ ဖျော်ဖြေပွဲတွေပြုလုပ်သွားတော့မယ့် EXO-SC

EXO-SC (Sehun နဲ့ Chanyeol တို့ဖြင့် ဖွဲ့စည်းထားသော sub-unit) ဟာ သူတို့ရဲ့ fan con tour အတွက် မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အာရှနိုင်ငံများကို သွားရောက်ဖျော်ဖြေကြတော့မှာဖြစ်ပါတယ်။
EXO ရဲ့ sub-unit ဟာ ‘BACK TO BACK’ အမည်ရှိ ယခုနှစ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စတင်တော့မှာဖြစ်ကြောင်းအတည်ပြုသွားခဲ့သလို ဖျော်ဖြေပွဲ promotion တွေကိုလည်း ထုတ်ဖော်ပြသလာခဲ့ပါတယ်။
Sehun နဲ့ Chanyeol တို့ဟာ အရှေ့တောင်အာရှရဲ့ အထင်ကရ မြို့သုံးမြို့ဖြစ်တဲ့ ကွာလာလမ်ပူ၊ စင်္ကာပူနဲ့ မနီလာတို့မှာ လာရောက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ ပထမဆုံး ဖျော်ဖြေပွဲကိုတော့ မေလ ၁၄ ရက်နေ့ မလေးရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး စင်င်္ကာပူနဲ့ မနီလာတို့မှာတော့ မေလ ၁၇ ရက်နဲ့ ၂၀ ရက်တွေမှာ အသီးသီး ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း EXO ကလည်း အဖွဲ့ဝင် အစုံအလင်နဲ့ လာမယ့်လမှာပဲ ဆိုးလ်၌ သူတို့ရဲ့ 2023 ‘EXO’ CLOCK’ ပရိသတ်တွေ့ဆုံပွဲကို ပြုလုပ်သွားကြတော့မှာပါ။
အိမ်နီးချင်းအာရှနိုင်ငံတွေမှာ ဖျော်ဖြေပွဲတွေပြုလုပ်သွားတော့မယ့် EXO-SC
EXO-SC (Sehun နဲ့ Chanyeol တို့ဖြင့် ဖွဲ့စည်းထားသော sub-unit) ဟာ သူတို့ရဲ့ fan con tour အတွက် မြန်မာနိုင်ငံရဲ့အိမ်နီးချင်း အာရှနိုင်ငံများကို သွားရောက်ဖျော်ဖြေကြတော့မှာဖြစ်ပါတယ်။
EXO ရဲ့ sub-unit ဟာ ‘BACK TO BACK’ အမည်ရှိ ယခုနှစ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စတင်တော့မှာဖြစ်ကြောင်းအတည်ပြုသွားခဲ့သလို ဖျော်ဖြေပွဲ promotion တွေကိုလည်း ထုတ်ဖော်ပြသလာခဲ့ပါတယ်။
Sehun နဲ့ Chanyeol တို့ဟာ အရှေ့တောင်အာရှရဲ့ အထင်ကရ မြို့သုံးမြို့ဖြစ်တဲ့ ကွာလာလမ်ပူ၊ စင်င်္ကာပူနဲ့ မနီလာတို့မှာ လာရောက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။