စစ်မှုထမ်းဆောင်နေချိန်အတွင်း Instagram မှတစ်ဆင့် ARMY တွေကို suprise လုပ်သွားခဲ့တဲ့ Jin

စစ်မှုထမ်းဆောင်နေချိန်အတွင်း Instagram မှတစ်ဆင့် ARMY တွေကို suprise လုပ်သွားခဲ့တဲ့ Jin

BTS အဖွဲ့ဝင် Jin ဟာ နိုင်ငံတော်ကပေးအပ်တဲ့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေရင်း အလုပ်များနေသော်လည်း သူချစ်ရတဲ့ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေအတွက်တော့ အချိန်ရှိတာနဲ့ update ပေးနိုင်အောင် ကြိုးစားနေသူလေးပါပဲ။

Jin ဟာ စစ်မှုထမ်းတာဝန် ထမ်းဆောင်နေခဲ့တာဟာာ နှစ်လကျော်ရှိပြီဖြစ်ပြီး တစ်ခါတရံ Weverse ပို့စ်များ သို့မဟုတ် Instagram comment များနဲ့ ကြိုတင်ရိုက်ကူးထားတဲ့ video များမှတစ်ဆင့် သူဟာ သူ့ကိုချစ်ပေးတဲ့သူတွေရဲ့ အနီးအနားမှာပဲ ရှိနေတာဖြစ်ကြောင်း အမြဲသေချာစေခဲ့သူပါ။

စစ်မှုထမ်းပြီးနောက် Jin ဟာ ဆိုရှယ်မီဒီယာလောကနဲ့ ဝေးကွာနေခဲ့ပေမယ့် J-Hope အတွက်တော့ ခြွင်းချက်အနေနဲ့ ပြီးခဲ့တဲ့လက သူ့ရဲ့မွေးနေ့ကို ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ လို့ ဆုတောင်းပေးရင်း Instagram မှာ ပြန်လာခဲ့ပါတယ်။

သူ့ရဲ့ကိုယ်ပိုင် post တွေကိုကြည့်မယ်ဆိုရင်လည်း စစ်မှုမထမ်းခင်မှာ Jin ရဲ့ နောက်ဆုံး Instagram ပို့စ်က အဖြူရောင် နံရံတစ်ခုရှေ့မှာ မတ်တပ်ရပ်နေရင်း ပို့စ်ပေးခဲ့တဲ့ ဓာတ်ပုံပါ။

ဒါပေမယ့် မနေ့ကပဲ Jin က J-Hope နဲ့ Jimin တို့နဲ့ တွဲရိုက်ထားခဲ့တဲ့ ဓါတ်ပုံတစ်ပုံကို တင်လာခဲ့ပြီးနောက် ARMY တွေကို အံ့အားသင့်သွားစေခဲ့ပြီး အဖွဲ့ဝင်နှစ်ယောက်က သူတို့ရဲ့ hyung ကို အလည်လာစဉ်မှာ ဒီပုံလေးကို ရိုက်ကူးထားခဲ့တာ ဖြစ်နိုင်ပါတယ်။

Jin ဟာ J-Hope ရဲ့ စစ်မှုထမ်းဆောင်ဖို့ နီးကပ်လာတာကို ညွှန်ပြနေတဲ့အနေနဲ့ ဓာတ်ပုံရဲ့ caption ကို “ကြိုဆိုပါတယ်” လို့ ရေးသားသွားခဲ့ပြီး J-Hope ကတော့ comment မှာ ရယ်မောကာ တုံ့ပြန်သွားခဲ့့ါတယ်။

ဒီပို့စ်လေးဟာ Jin ကို လွတ်ဆွတ်နေကြသူ ARMY တိုင်းအတွက် စိတ်ကြည်နူးစေခဲ့သလို emotional လည်းဖြစ်စေခဲ့ရင်း မိနစ် ၃၀ အတွင်း Like အရေအတွက် တစ်သန်းကျော် ရရှိသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x