၂၀၂၂ တစ်နှစ်တာရဲ့ လူကြိုက်အများဆုံးဖြစ်ခဲ့ကြတဲ့ ထိုင်းဇာတ်လမ်းတွဲမျာ
၂၀၂၂ တစ်နှစ်တာရဲ့ လူကြိုက်အများဆုံးဖြစ်ခဲ့ကြတဲ့ ထိုင်းဇာတ်လမ်းတွဲများ
ကုန်ဆုံးခဲ့ပြီဖြစ်ပေမဲ့ ၂၀၂၂ ဟာ ထိုင်းဇာတ်လမ်းတွဲကောင်းတွေ မြောက်များစွာ ထွက်ရှိခဲ့ပြီး ကြည့်ရှုသူတွေအတွက်လည်း မမေ့နိုင်ဖွယ်ရာ အမှတ်တရကောင်းတွေ ချန်ထားခဲ့တာတော့ အသေအချာပါပဲ။
Thaiupdate ရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်အတွင်း ပြည်တွင်းနဲ့ ပြည်ပက ထိုင်းဇာတ်လမ်းတွဲချစ်သူတွေအကြား လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ ထိုင်းဇာတ်လမ်းတွဲ ၅ ခုကို ဖော်ပြပေးသွားချင်ပါတယ်။
5. The Love Proposal
Tre Porapat နဲ့ Fern Nopjira တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “The Love Proposal” ကတော့ စုစုပေါင်း votes အရေအတွက် 27,213 နဲ့ နံပါတ် ၅ နေရာကို ရရှိခဲ့ပါတယ်။
4. The in-Laws
“The in-Laws” ကလည်း မြန်မာပရိသတ်တွေ အကြိုက်တွေ့ခဲ့မယ့် ထိုင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Kem Hussawee နဲ့ Mookda Narinrak တို့က တွဲဖက်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဒီ drama လေးကတော့ စုစုပေါင်း မဲအရေအတွက် 28,935 နဲ့ စတုတ္ထနေရာမှာ ရှိနေခဲ့ပါတယ်။
3. Bad Beauty
Sonyuke နဲ့ Green Ausadaporn တို့ရဲ့ စွမ်းဆောင်မှုတို့ဖြင့် “Bad Beauty” ဇာတ်လမ်းတွဲကလည်း ထိပ်ဆုံး ၃ နေရာမှာ ပါဝင်ခဲ့ပြီး စုစုပေါင်း မဲအရေအတွက် 41,119 ရရှိခဲ့ပါတယ်။
2. Bad Romeo
မြန်မာပရိသတ်တွေအတွက်တော့ မမေ့နိုင်ဖွယ် အချစ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့တဲ့ Mario Maurer နဲ့ Yaya Urassaya တို့ရဲ့ “Bad Romeo” ဇာတ်လမ်းတွဲကတော့ စုစုပေါင်း မဲအရေအတွက် 71,708 နဲ့ ထိုက်ထိုက်တန်တန် ဒုတိယနေရာကို ရရှိခဲ့ပါတယ်။
1. Sing Again
ကဲ နောက်ဆုံးမှာတော့ ၂၀၂၂ ခုနှစ်ရဲ့ လူကြိုက်အများဆုံး၊ အအောင်မြင်ဆုံး ထိုင်းဇာတ်လမ်းတွဲကတော့ “Sing Again” ပဲဖြစ်ပြီး ဒီထဲမှာတော့ Saint Suppapong၊ Lay Talay နှင့် Nara Thepnupha တို့က ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဒီဒရာမလေးကတော့ စုစုပေါင်း မဲအရေအတွက် 75,775 နဲ့ ပထမနေရာကို ဆွတ်ခူးသွားခဲ့တာပါ။