Jisoo ရဲ့ solo debut မှာ single နဲ့မဟုတ်ဘဲ album လိုက်ဖြစ်လာနိုင်ဖွယ်ရှိ
Jisoo ရဲ့ solo debut မှာ single နဲ့မဟုတ်ဘဲ album လိုက်ဖြစ်လာနိုင်ဖွယ်ရှိ
Baby Monster ရဲ့ Video တွေထဲမှာ သီချင်းသံတစ်ခု ပေါ်ထွက်လာပြီး အဆိုပါသီချင်းရဲ့နောက်ကွယ်က အဆိုတော်မှာ Jisoo ဖြစ်တယ်လို့ လူအများက သံသယဖြစ်ခဲ့ကြပါတယ်။
မကြာသေးမီက YG ဟာ BLACKPINK ရဲ့ ညီမငယ်လေးတွေဖြစ်တဲ့ Baby Monster မှ အဖွဲ့ဝင် Ahyeon နဲ့ မိတ်ဆက်ပေးသည့် video ကို ထုတ်ပြန်ခဲ့အပြီး ဒီ video ရဲ့ ၃ မိနစ် အချိန်အပိုင်းအခြားမှာ ထွက်ပေါ်လာတဲ့ သီချင်းသံကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိလာခဲ့ပါတော့တယ်။
စိတ်ဝင်စားစရာကောင်းတာက ၃ မိနစ်အရောက် Baby Monster အဖွဲ့ဝင် နှစ်ယောက် လေ့ကျင့်နေချိန်မှာ လွင့်ပျံလာတဲ့ သီချင်းတစ်ပုဒ်ဟာ Jisoo ရဲ့ solo သီချင်းဖြစ်ကြောင်း netizens တွေက တစ်ပြိုင်နက်တည်း ထင်ကြေးပေးခဲ့ကြတာ ဖြစ်ပါတယ်။
သို့သော် video ထဲက သီချင်းဟာ အမှန်တကယ်တော့ BE’O နဲ့ Mino တို့ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ “Limousine” သီချင်းဖြစ်ပြီး Jisoo ရဲ့ solo သီချင်းသစ်မဟုတ်ကြောင်း netizens တွေက ထောက်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ သီချင်းမှာကြားနေရတဲ့ အသံဟာ Jisoo ဖြစ်နေကြောင်း BLINK အများစုက အခိုင်အမာ ဆိုထားခဲ့ကြပြီး ဒီလိုခန့်မှန်းချက်တွေကြောင့် Jisoo ဟာ သီချင်းတစ်ပုဒ်တည်းသာမက “Limousine” ရဲ့ cover သီချင်းပါ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ album လိုက် debut လာမယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေခဲ့ကြပါပြီ။
YG ရဲ့ အဆိုအရ Jisoo ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် MV ကို လုံခြုံစိတ်ချရတဲ့ နိုင်ငံရပ်ခြားက နေရာတစ်ခုမှာ ရိုက်ကူးနေပြီဖြစ်ပြီး ယနေ့အထိ BLACKPINK အတွက် YG တို့ ရိုက်ကူးပေးခဲ့သမျှ MV တွေအားလုံးထဲမှာ အရင်းအနှီးအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။