ရင်သွေးလေးမမွေးဖွားခင်အချိန်မှာ ဇနီးဖြစ်သူနဲ့ အချိန်တွေအများကြီးဖြုန်းချင်မိတယ်လို့ဆိုလာတဲ့ Song Joong Ki
ရင်သွေးလေးမမွေးဖွားခင်အချိန်မှာ ဇနီးသည် Katy နဲ့အတူ အချိန်တွေအများကြီးဖြုန်းချင်မိတယ်လို့ဆိုလာတဲ့ Song Joong Ki
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Song Joong Ki ဟာဆိုရင် သူ့ရဲ့ လက်ရှိဇနီးသည်ဖြစ်သူ Katy Louise Saunders နဲ့ တရားဝင်လက်ထပ်ပြီးနောက် မကြာခင်အချိန်အတွင်းမှာတော့ သူ့ရဲ့ ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရရှိတော့ဖြစ်ပါတယ်။
ဒါပေမဲ့ ရင်သွေးလေးကို မမွေးဖွားခင်အချိန်အတွင်းမှာတော့ သူ့အနေနဲ့ ဇနီးသည်ဖြစ်သူ Katy နဲ့အတူ နှစ်ယောက်တည်း အချိန်တွေကို ကုန်ဆုံးချင်တဲ့ဆန္ဒရှိလို့နေပြီး ဒီအကြောင်းကိုတော့ Song Joong Ki က “GQ Korea” မဂ္ဂဇင်းရဲ့ အသစ်ထွက်ရှိလာတဲ့ အင်တာဗျူးအစီအစဉ်ထဲမှာ ဖွင့်ဟပြောပြသွားခဲ့တာကို တွေ့ရပါတယ်။
အဆိုပါအင်တာဗျူးမှာဆိုရင် သူ့အနေနဲ့ အခုလာမယ့် နွေဦးရာသီ အချိန်ကာလအတွင်းမှာ ဘယ်အရာကိုပြုလုပ်ချင်မိသလဲဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့တာတွေ့ရပြီး ဒီအခါမှာတော့ သူက “ဒါက ကျွန်တော် ကလေးအဖေမဖြစ်ခင်မှာ နောက်ဆုံးဖြတ်ကျော်ရမယ့် နွေဦးလေ … ဒီတော့ Katy နဲ့ပဲ ဒီကာလကို မကြာခဏဆိုသလို အချိန်ကုန်ဆုံးချင်ပါတယ်” လို့ဆိုကာ ပြန်လည်ဖြေဆိုပေးသွားခဲ့ပါတယ်။
လက်ရှိမှာတော့ Katy Louise Saunders ဟာ Song Joong Ki ရဲ့ ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီး အဆိုပါရင်သွေးလေးကိုတော့ ဒီနှစ်အကုန်ပိုင်းလောက်မှာ မွေးဖွားသွားမှာဖြစ်ကာ မကြာခင်အချိန်အတွင်းမှာလည်း ခင်ပွန်းသည် Song Joong Ki နဲ့အတူ မင်္ဂလာပွဲကို အကျဉ်းချုံးကျင်းပပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo