တောင်ကိုရီးယားရဲ့ ကုန်စတိုးဆိုင်တွေမှာ အမြင်တွေ့ရဆုံး girl group (သို့) BLACKPINK

တောင်ကိုရီးယားရဲ့ ကုန်စတိုးဆိုင်တွေမှာ အမြင်တွေ့ရဆုံး girl group (သို့) BLACKPINK

K-Pop လောကမှာ နာမည်ကြီး ဒိတ်ဒိတ်ကြဲ girl idol group တွေ အများကြီးရှိတဲ့ အထဲကမှ သင့်ကို “fashion icon” ဆိုတဲ့ စကားလုံးတစ်ခုကို မေးလိုက်ပြီဆိုရင်တော့ သင် တွေးမိတဲ့ K-Pop girl group တွေထဲမှာ “BLACKPINK” ဆိုတာ မပါမဖြစ် ပါနေပါလိမ့်မယ်။

အဲ့လိုပဲ K-Pop လောကမှာတင်မက ကမ္ဘာပေါ်မှာပါ အလွှမ်းမိုးနိုင်ဆုံးနဲ့ လက်ရှိမှာ အောင်မြင်မှုတွေ အထပ်ထပ် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ girl group တွေထဲမှာလည်း “BLACKPINK” ကို ချန်လှပ်ထားခဲ့လို့မရပါဘူး။ လက်ရှိ generation ရဲ့ popular အဖြစ်ဆုံး girl group ဖြစ်တာနဲ့အညီ တောင်ကိုရီးယားမှာရှိတဲ့ fashion စတိုးဆိုင်တွေထဲမှာလည်း BLACKPINK က ကောင်မလေး ၄ ယောက်က မပါမဖြစ်ပါပဲနော်။

ဒါ့အပြင် ကောင်မလေး ၄ ယောက်လုံးက ကမ္ဘာ့အကျော်အမော် luxury fashion brand တွေကို ကိုယ်စားပြုထားခဲ့ပြီး Jennie က CHANEL, Rosé ကတော့ Saint Laurent, Lisa က Celine နဲ့ JiSoo ကတော့ Dior စတဲ့ ကမ္ဘာကျော် luxury fashion brand တွေကို အသီးသီး ကိုယ်စားပြုထားခဲ့ကြပါတယ်။

ဒီ brand တွေအားလုံးကလည်း ကမ္ဘာပေါ်မှာတောင် လူကြိုက်အများဆုံး ဖြစ်နေတာကြောင့် တောင်ကိုရီးယားမှာ ထိပ်တန်းစာရင်းဝင် လူကြိုက်အများဆုံး brand တွေပါ။ ဒါ့ကြောင့်မို့ သင်သာ တောင်ကိုရီးယားမှာရှိတဲ့ fashion ဆိုင်တစ်ခုကို ဝင်ကြည့်လိုက်မယ်ဆိုရင် BLACKPINK ဟာ လုံးဝကို မရှိမဖြစ် နေရာယူထားတာကို တွေ့ရမှာပါ။

ဒါ့ကြောင့် BLINK တစ်ယောက် ဖြစ်ရတာဟာ ဒီအချက်လေးတွေနဲ့တင် အတော်လေးကို လူပုံအလယ်မှာ ဂုဏ်ဆာဖို့ လုံလောက်နေပါပြီ။ တစ်ဆက်တည်းမှာပဲ BLINK တို့ရဲ့ အချစ်တော် ကောင်မလေး ၄ ယောက်ဟာ သူတို့ရဲ့ “Born Pink” ကမ္ဘာပတ် ဖျော်ဖြေပွဲကို ကျင်းပနေခဲ့ရာမှာ အရှေ့တောင်အာရှထဲကို ရောက်ရှိလို့နေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x