အရွယ်ရောက်ပြီးသူတွေသာ ကြည့်ရှုဖို့ သတ်မှတ်လိုက်တဲ့ ‘The Glory 2’

ပရိသတ်များ စောင့်မျှော်နေကြတဲ့ မင်းသမီး ဆောင်းဟေဂျိုရဲ့ ‘The Glory 2’ ဒုတိယပိုင်းကို အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုရန် အဆင့်သတ်မှတ်ထားပြီး ပထမပိုင်းထက်စာပါက ပြသချိန်ပိုမိုကြာမြင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
‘The Glory 2’ မှာ ကျောင်းအကြမ်းဖက်မှု၊ အလွဲသုံးစားမှု၊ ဆဲဆိုသော စကားလုံးများ၊ လိင်မှုရေးရာနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတို့နဲ့ဆိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်များ ပါဝင်တဲ့အတွက် TV-MA (အရွယ်ရောက်ပြီးသူများ) ကြည့်ရှုဖို့ အဆင့်သတ်မှတ်ထားပါတယ်။
The Glory 2 ဇာတ်ကားနဲ့ ပတ်သက်ပြီး Viewership Rating သတ်မှတ်ရေးကော်မတီက”ဒီစီးရီးမှာ ကျူးလွန်သူတွေကို လက်စားချေတဲ့အခါမှာ အကြမ်းဖက်မှုတွေ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့ မြင်ကွင်းတွေနဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေ ပါဝင်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။
‘The Glory’ ဒုတိယပိုင်းဟာ စုစုပေါင်း screentime 435 မိနစ်နှင့် 14 စက္ကန့်ရှိပြီး ပထမပိုင်းနှင့် အပိုင်းအရေအတွက် တူညီပေမဲ့ ပြသချိန်အားဖြင့် ပိုမို ကြာရှည်သွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ စုစုပေါင်း screentime 384 မိနစ်နှင့် 7 စက္ကန့်သာ ရှိတာ ဖြစ်ပါတယ်။
အဓိကဇာတ်ကောင် မွန်းဒုံအွန်းရဲ့ ပီပီပြင်ပြင် လက်စားချေမှုကိုတော့ မတ်လ 10 ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ 5 နာရီမှာ ထုတ်လွှင့်ပြသမယ့် ‘The Glory’ ဒုတိယပိုင်းမှာ ရှုစားရမှာပဲဖြစ်ပါတယ်။
ကဲ မွန်းဒုံအွန်းနဲ့ အတူတူ လောင်ကြဖို့ အဆင်သင့်ပဲလား ?
…
အရွယ်ရောက်ပြီးသူတွေသာ ကြည့်ရှုဖို့ သတ်မှတ်လိုက်တဲ့ ‘The Glory 2’ ကို

Soya