Song Joong Ki နဲ့ Song Hye Kyo တို့ အနမ်းဖလှယ်နေတဲ့ပုံရိပ်ကို စတိတ်စင်ပေါ်က LED Display မှာပြသခဲ့တာကြောင့် ဝေဖန်မှုတွေရရှိခဲ့တဲ့ KBS

Song Joong Ki နဲ့ Song Hye Kyo တို့ အနမ်းဖလှယ်နေတဲ့ပုံရိပ်ကို စတိတ်စင်ပေါ်က LED Display မှာပြသခဲ့တာကြောင့် ဝေဖန်မှုတွေရရှိခဲ့တဲ့ KBS

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ဟာဆိုရင် အခု မတ်လ ၃ ရက်နေ့တုန်းက သူတို့ရုပ်သံလိုင်း နှစ် ၅၀ ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ‘Your KBS, Our 50 Years Together’ လို့အမည်ရတဲ့ အထူးဖျော်ဖြေတင်ဆက်မှုတစ်ခုကို ကျင်းပပြုလုပ်သွားခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ စတိတ်စင်ပေါ်က LED Display မှာပြသခဲ့တဲ့ Video Cut လေးတစ်ခုကြောင့် ပရိသတ်တွေရဲ့အပြစ်တင်ဝေဖန်မှုကိုရရှိလို့နေပါတယ်။

အဆိုပါပွဲမှာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ဝါရင့်အဆိုတော်တွေဖြစ်ကြတဲ့ Yoon Bok Hee, Kim Chang Wan, Kim Jong Seo တို့အပြင် တခြားသောနာမည်ကြီးအနုပညာရှင်လည်း ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အဲဒီသူတွေထဲမှာတော့ OST Queen လို့သတ်မှတ်တင်စားခံထားရတဲ့ Gummy ကလည်းတစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

Gummy က ယင်းပွဲမှာ သူမရဲ့ နာမည်ကျော်သီချင်းအချို့နဲ့ဖျော်ဖြေတင်ဆက်ခဲ့ပြီး အဲဒီသီချင်းတွေထဲမှာဆိုရင်တော့ ၂၀၁၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ‘Descendants of the Sun’ ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေး ‘You Are My Everything’ ကလည်း တစ်ပုဒ်အပါအဝင်ဖြစ်ခဲ့ကာ သူမတစ်ယောက် အဆိုပါဇာတ်ဝင်တေးကိုသီဆိုနေတဲ့ချိန်မှာတော့ ‘Descendants of the Sun’ ထဲက ဇာတ်ဝင်ခန်းအချို့ကိုလည်း စတိတ်စင်ပေါ်က နောက်ခံ LED Dispaly မှာပြသခဲ့တာကိုတွေ့ရပါတယ်။

အဲဒီလိုပြသခဲ့တဲ့ဇာတ်ကွက်တွေထဲမှာဆိုရင် ဇာတ်ကားရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ အနမ်းဖလှယ်နေတဲ့ပုံကလည်း အပါအဝင်ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေက KBS အနေနဲ့ အခုလိုမျိုးပုံကိုထည့်သွင်းပြသတာဟာ Song Joong Ki နဲ့ Song Hye Kyo တို့နှစ်ယောက်လုံးအပေါ်မှာ လေးစားမှုမရှိရာရောက်တယ်လို့ ဝေဖန်မှတ်ချက်မှုတွေပြုခဲ့ကြပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ဟာ ‘Descendants of the Sun’ ဇာတ်ကားရိုက်ကူးမှုကနေတစ်ဆင့် တွေ့ဆုံချစ်ကြိုက်ပြီးနောက် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ တရားဝင်လက်ထပ်မင်္ဂလာပွဲဆင်နွှဲခဲ့ကြပေမဲ့လည်း အိမ်ထောင်သက်တမ်း ၁ နှစ်ကျော်အကြာမှာ စိတ်သဘောထားချင်းတိုက်ဆိုင်မှုူမရှိတာကြောင့် ကွာရှင်းပြတ်စဲခဲ့ကြသူတွေဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Song Hye Kyo က သူမရဲ့ဘ၀အချိန်တွေကို တစ်ကိုယ်တည်းဖြတ်သန်းလျက်ရှိနေတယ်ဆိုပေမဲ့လည်း Song Joong Ki ကတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီးဟောင်း Katy Louise Saunders နဲ့လက်ထပ်ပြီး မကြာခင်အချိန်အတွင်းမှာလည်း ရင်သွေးလေးကိုပိုင်ဆိုင်ရရှိတော့မှာဖြစ်ပါတယ်။

ဒါကြောင့် KBS မှတာဝန်ရှိသူတွေအနေနဲ့ အခုလိုမျိုးပုံကိုထည့်သွင်းပြသတာဟာ ကြင်စဦးဇနီးမောင်နှံအတွက် ထည့်တွေးမစဉ်းစားပေးရာရောက်တယ်လို့ ပရိသတ်တွေအများစုက ဝေဖန်ထောက်ပြထားကြပြီး တချို့တွေကတော့ အဆိုပါပုံဟာ ဇာတ်ကားထဲမှာပါဝင်တဲ့ ပုံရိပ်တစ်ခုဖြစ်တာကြောင့် ပြဿနာမရှိတဲ့အရာဖြစ်တယ်လို့ ဆိုထားကြပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x