မြင်တွေ့သူပရိသတ်တိုင်းကို သဘောကျသွားစေလောက်တဲ့ Paris Fashion Week မှ Park Seo Joon နဲ့ Jennie တို့ရဲ့တွေ့ဆုံမှု

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသား Park Seo Joon နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ဟာဆိုရင် မတ်လ ၇ ရက်နေ့ မနေ့တုန်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ Paris Fashion Week မှ Chanel Show ကိုတက်ရောက်ခဲ့ကြပါတယ်။
ဒီလိုတက်ရောက်ခဲ့ကြရမှာတော့ နှစ်ယောက်သားဟာ သတင်းမီဒီယာတွေအရှေ့မှာ အတူတွဲဖက်ဓာတ်ပုံရိုက်ကူးခဲ့ကြရုံတင်မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ စကားစမြည်ပြောခဲ့ကြပြီး Park Seo Joon ရဲ့စနောက်ကျီစယ်မှုတွေကို ရယ်မောသဘောကျနေတဲ့ Jennie ရဲ့ အသွင်ဟန်ဟာဆိုရင်တော့ ပရိသတ်တွေအကြားမှာ စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်။
Park Seo Joon နဲ့ Jennie တို့ကို အခုလိုမျိုးတွဲဖက်မြင်တွေ့ရတာဟာဆိုရင် ဒါက ပထမဆုံးဖြစ်တယ်ဆိုပေမဲ့လည်း နှစ်ယောက်စလုံးရဲ့ပုံစံက ထင်ထားတာထက်ပိုမိုရင်းနှီးပေါ့ပါးနေဟန်ရှိတာကြောင့် ပရိသတ်တွေက နောင်အခါမှာလည်း သူတို့နှစ်ဦးကို မိတ်ဆွေကောင်းတွေအဖြစ်မြင်တွေ့လိုကြတယ်လို့ ဆန္ဒပြုထားကြပြီး တချို့ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့ပုံစံက အခုမှ ပထမဆုံးတွေ့ဆုံတာမဖြစ်နိုင်ဘူးလို့ဆိုကာ မှတ်ချက်ပြုထားကြတာကိုတွေ့ရပါတယ်။
Ref : GStarLive
Nemo