အရွယ်ရောက်ပြီးသူများသာကြည့်ရှုဖို့အတွက် အသက်အရွယ်ကန့်သတ်မှုတွေရှိနေတဲ့ “The Glory 2”

ပြီးခဲ့တဲ့လပိုင်းတွေတုန်းက ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ လူကြိုက်များအောင်မြင်ခဲ့တဲ့ “The Glory” ရဲ့ နောက်ဆက်တွဲဇာတ်လမ်း “The Glory 2” ကိုတော့ အခု မတ်လ ၁၀ ရက်နေ့မှာ စတင်ကြည့်ရှုနိုင်တော့မှာဖြစ်ပြီး ဒီအကြောင်းကိုတော့ ပရိသတ်တွေအားလုံးသိရှိထားကြပြီးဖြစ်မယ်လို့ ထင်ပါတယ်။
အထက်တန်းကျောင်းတုန်းက ကြုံတွေ့ခံစားခဲ့ရတဲ့ အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေအပေါ်မှာ အငြိုးကြီးကြီးနဲ့ ကလဲ့စားချေလက်တုံ့ပြန်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားရဲ့ ဆက်လက်ထွက်ရှိလာမဲ့ ဒုတိယပိုင်းဟာဆိုရင်တော့ အရွယ်ရောက်ပြီးသူများသာကြည့်ရှုဖို့အတွက် အသက်အရွယ်ကန့်သတ်မှုတွေရှိလို့နေတယ်လို့ သိရပါတယ်။
အကြောင်းအရင်းကတော့ အဆိုပါဒုတိယပိုင်းထဲမှာ ပထမပိုင်းထက်ပိုမိုဆိုးရွားတဲ့ ကျောင်းအတွင်းအနိုင်ကျင့်မှုတွေ၊ ရိုက်နှက်ထိုးကြိတ်မှုတွေ၊ ဆဲရေးတိုင်းထွာမှုတွေနဲ့ လိင်မှုကိစ္စတွေပါဝင်နေတာကြောင့်ဖြစ်တယ်လို့သိရပြီး ကြည့်ရှုမှုအဆင့်သတ်မှတ်ရေးကော်မတီဘက်ကတော့ ယင်းဇာတ်ကားထဲက ကလဲ့စားချေတဲ့ဇာတ်ဝင်ခန်းတွေမှာ အကြမ်းဖက်မှုတွေ၊ ဆေးလိပ်သောက်သုံးမှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တယ်လို့ မှတ်ချက်ပြုထားတာကိုတွေ့ရပါတယ်။
ဒါ့အပြင် အဆိုပါနောက်ဆက်တွဲဒုတိယပိုင်းမှာပါဝင်သွားမဲ့ အပိုင်းအရေအတွက်က ပထမပိုင်းနဲ့တူညီပေမဲ့လည်း တစ်ပိုင်းချင်းဆီမှာပါဝင်တဲ့ ကြာချိန်အရေအတွက်ကတော့ ပထမပိုင်းထက် ပိုမိုကြာမြင့်တယ်လို့သိရပြီး ဒုတိယပိုင်းတစ်ခုလုံးရဲ့ ကြာချိန်စုစုပေါင်းဟာဆိုရင် ၄၃၅ မိနစ်နဲ့ ၁၄ စက္ကန့်ရှိတယ်လို့ ဆိုပါတယ်။
Ref : GStarLive
Nemo