ဗိုက်ထဲက ရင်သွေးလေးတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်ခဲ့ဖူးတဲ့ မင်းသမီးများ
ဗိုက်ထဲက ရင်သွေးလေးတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်ခဲ့ဖူးတဲ့ မင်းသမီးများ
ပြီးခဲ့တဲ့နှစ်မှာ တောင်ကိုးရီးယားအနုပညာလောကမှာ ကိုယ်ဝန်ဆောင် မင်းသမီး ၃ ယောက်ရဲ့ ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ ဟိုးလေးတကျော်ဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။
ဒီမင်းသမီး ၃ ယောက်ကတော့ Honey Lee နဲ့ Son Ye Jin နဲ့ Jeon Hye Bin တို့ပဲဖြစ်ပြီး သူတို့ဟာ ကိုယ်ဝန်ဆောင်မိခင်တွေ ဖြစ်နေကြတဲ့အချိန်မှာတောင် သူတို့ရင်သွေးလေးတွေရဲ့ အနာဂတ်အတွင် အနုပညာအလုပ်တွေကို ကြိုးစား လုပ်ကိုင်နေခဲ့ကြတာဖြစ်ပါတယ်။
Honey Lee ဟာ ဇွန်လ ၂၀ ရက်၊ ၂၀၂၂ မှာ ရင်သွေးလေးကို မွေးဖွားခဲ့ပြီး မမွေးဖွားမီ တစ်လအလိုထိ သူမဟာ အလုပ်တွေ ဆက်တိုက်လုပ်နေခဲ့ပြီး နာမည်ကျော် မဂ္ဂဇင်း “Vogue Korea” ရဲ့ မျက်နှာဖုံးမှာလည်း ကိုယ်ဝန်ရင့်မာကြီးနဲ့ သူမရဲ့အလှနဲ့ အသွင်အပြင်တို့ကို ယုံကြည်မှုအပြည့်ဖြင့် ပြသထားနိုင်ခဲ့ပါတယ်။
မင်းသမီး Son Ye Jin ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ သားဦးလေးကို ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်လတာ ကာလအတွင်း သူမဟာ ကိုယ်ဝန်ရှိနေရက်နဲ့ပင် အခြားမင်းသမီးများနဲ့ တန်းတူပင် အနုပညာလောကမှာ အတက်ကြွဆုံး မင်းသမီးအဖြစ် သတ်မှတ်ခံရတဲ့အထိ မရပ်မနား အလုပ်တွေလုပ်နေခဲ့တာပါ။
ကိုယ်ဝန်ရင့်မာနဲ့ပဲ Son Ye Jin ဟာ “LUXURY” မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ကူးခွင့် ရရှိထားပြီး ဆွဲဆောင်မှုရှိတဲ့ မိခင်လောင်း တစ်ယောက်အနေနဲ့ သူမရဲ့ အလှကို ပြသထားခဲ့ပါတယ်။
မင်းသမီး Jeon Hye Bin ကလည်း မီးမဖွားခင်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ ကမ်းခြေမှာ ရင်သွေးလေးရဲ့ ဗိုက်တစ်လုံးကို ပြသထားတဲ့ ဓာတ်ပုံ အသစ်တွေကို မျှဝေခဲ့ပါတယ်။ သူမဟာ ယခုအောက်တိုဘာလတွင် မွေးဖွားတော့မှာဖြစ်ပါတယ်။
ဓာတ်ပုံတွေမှာတော့ Jeon Hye Bin ဟာ ကမ်းခြေအလယ်မှာ ရှည်လျားသော ၀တ်စုံနဲ့ ရေကူးဝတ်စုံတို့ကို ၀တ်ဆင်ထားခဲ့ပြီး သူမရဲ့ဓာတ်ပုံတွေဟာလည်း ကိုယ်ဝန့်ရင့်မာကြီးနဲ့တောင် ဖက်ရှင်မဂ္ဂဇင်းအတွက် ရိုက်ကူးထားသလိုပါပဲလို့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
တကယ်တော့ Honey Lee နဲ့ Son Ye Jin တို့ဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာတောင် အခုလို ကြိုးစားလုပ်ဆောင်ခဲ့မှုအတွက် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရသလို Jeon Hye Bin ပါ အပါအဝင် သူတို့ရဲ့ ကိုယ်ဝန်ဆောင် ဓာတ်ပုံတွေကလည်း အင်တာနက်တစ်ခွင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။