Hwang So-yoon ရဲ့ သီချင်းသစ် ‘Smoke Sprite’ မှာ ပါဝင်သီဆိုမယ့် BTS’s RM
Hwang So-yoon ရဲ့ သီချင်းသစ် ‘Smoke Sprite’ မှာ ပါဝင်သီဆိုမယ့် BTS’s RM
BTS အဖွဲ့ခေါင်းဆောင် RM ဟာ တေးရေး တေးဆို Hwang So-yoon ရဲ့ သီချင်းသစ် ‘Smoke Sprite’ မှာ ပါဝင်သီဆိုပေးသွားမှာ ဖြစ်တဲ့အကြောင်း Hwang ရဲ့ အေဂျင်စီ Magic Strawberry Sound က မတ်လ ၉ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။
Hwang So-yoon ရဲ့ ဒုတိယမြောက် full-length အယ်လ်ဘမ်ဖြစ်တဲ့ “Episode1: Love” ကို မတ်လ ၁၄ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီး RM ပါဝင်မယ့် Smoke Sprite ကတော့ lead track ဖြစ်ပါတယ်။
ဒီသီချင်းကို စာသားရေးသားခြင်းနဲ့ ထုတ်လုပ်ခြင်းအပိုင်းတွေမှာ RM နဲ့ Hwang တို့နှစ်ဦးစလုံးပါဝင်ထားတယ်လို့ အေဂျင်စီကပြောပါတယ်။
သူမရဲ့ full-length album မှာ ပါဝင်မယ့် သီချင်းနှစ်ပုဒ်ဖြစ်တဲ့ “Bad” နဲ့ “Canada” တို့ကို အကြိုအယ်လ်ဘမ် “Prologue: Love” အဖြစ်နဲ့ ဖေဖော်ဝါရီလမှာ ဖြန့်ချိထားပါတယ်။
Hwang So-yoon ဟာ အင်ဒီရော့ခ် duo ဖြစ်တဲ့ Se So Neon ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ သူမရဲ့ ပထမဦးဆုံး တစ်ကိုယ်တော် စင်ဂယ် Holiday ကို ၂၀၀၉ ခုနှစ် ဧပြီလမှာ ထွက်ရှိခဲ့ပြီး တစ်ကိုယ်တော် အယ်လ်ဘမ် “So!YoON!” ကိုတော့ ၂၀၁၉ ခုနှစ်မှာပဲ မေလမှာ ထုတ်ခဲ့ပါတယ်။
RM ကတော့ သူ့ရဲ့တစ်ကိုယ်တော် full-length အယ်လ်ဘမ် “Indigo” ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ထွက်ရှိထားပါတယ်။
…
Hwang So-yoon ရဲ့ သီချင်းသစ် ‘Smoke Sprite’ မှာ ပါဝင်သီဆိုမယ့် BTS’s RM
BTS အဖွဲ့ခေါင်းဆောင် RM ဟာ တေးရေး တေးဆို Hwang So-yoon ရဲ့ သီချင်းသစ် ‘Smoke Sprite’ မှ ပါဝင်သီဆိုပေးသွားမှာ ဖြစ်တဲ့အကြောင်း Hwang ရဲ့ အေဂျင်စီ Magic Strawberry Sound က မတ်လ ၉ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။
Hwang So-yoon ရဲ့ ဒုတိယမြောက် full-length အယ်လ်ဘမ်ဖြစ်တဲ့ “Episode1: Love” ကို မတ်လ ၁၄ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီး RM ပါဝင်မယ့် Smoke Sprite ကတော့ lead track ဖြစ်ပါတယ်။
ဒီသီချင်းကိုစာသားရေးသားခြင်းနဲ့ ထုတ်လုပ်ခြင်းအပိုင်းတွေမှာ RM နဲ့ Hwang တို့နှစ်ဦးစလုံးပါဝင်ထားတယ်လို့ အေဂျင်စီကပြောပါတယ်။
သူမရဲ့ full-length album မှာ ပါဝင်မယ့် သီချင်းနှစ်ပုဒ်ဖြစ်တဲ့ “Bad” နဲ့ “Canada” တို့ကို အကြိုအယ်လ်ဘမ်“Prologue: Love” အဖြစ်နဲ့ ဖေဖော်ဝါရီလမှာ ဖြန့်ချိထားပါတယ်။

Soya