Suga ရဲ့မွေးနေ့အတွက် တပ်ထဲကနေမရမက ဆုတောင်းပေးခဲ့ရှာတဲ့ Jin

BTS အဖွဲ့ဝင် Jin ဟာ သူ့ရဲ့ စစ်မှုထမ်းတာဝန်စတင်ခဲ့တာဟာ ၃ လကျော်ရှိပြီဖြစ်ပေမဲ့ idol ဟာ သူချစ်ရသူတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အထူးနေ့ရက်တွေမှာတော့ ဆိုရှယ်မီဒီယာတွေထက်မှာ ပြန်ပေါ်လာတတ်တာကို အားလုံးလည်း သတိထားမိကြမှာပါ။

မတ်လ ၉ ရက်နေ့ကလည်း Jin တစ်ယောက် Weverse ကို ပြန်ရောက်လာခဲ့ပြီး အကြောင်းရင်းကတော့ Suga ရဲ့ မွေးနေ့လေးဖြစ်တဲ့အတွက် မွေးနေ့ဆုတောင်းလေး ပေးပို့သွားလိုတာကြောင့်ပါပဲ။

တကယ်တော့ Jin ဟာ စစ်တပ်ထဲမှာ ဖုန်းအသုံးပြုခွင့် ကန့်သတ်ထားတဲ့ကြားကနေ Suga ကို မွေးနေ့ဆုတောင်းလေး ပြုလုပ်ပေးခဲ့တာပါ။ ကိုရီးယားရဲ့ စစ်တပ်မှာ ညနေ ၆ နာရီနောက်ပိုင်းမှသာ တပ်သားတွေကို ဖုန်းသုံးခွင့်ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် Jin ဟာ သူဖုန်းသုံးလို့ရတာနဲ့ တစ်ပြိုက်နက် ညနေ ၆ နာရီနဲ့ ၂၆ မိနစ်မှာ Weverse မှတစ်ဆင့် “Yoongi-ah, happy birthday” လို့ မွေးနေ့ဆုတောင်းစကားလေး ပို့စ်တင်သွားခဲ့ပြီး ARMY လေးတို့ကို ကြည်နူးအေးချမ်းစေခဲ့ပါတော့တယ်။

Jin ဟာ J-Hope ရဲ့ မွေးနေ့တုန်းကလည်း အလားတူပဲ မွေးနေ့ဆုတောင်းလေး ပြုလုပ်သွားခဲ့သလို J-Hope တစ်ယောက် စစ်မှုထမ်းဆောင်ဖို့ အတည်ပြုပြီးခဲ့ချိန်မှာလည်း Instagram မှတစ်ဆင့် J-Hope ကို စစ်တပ်မှာ စောင့်နေမယ့်အကြောင်း ပို့စ်တင်ခဲ့ဖူးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x