“The Glory” လိုမျိုး ကလဲ့စားချေတဲ့ဇာတ်အိမ်ကို အခြေပြုထားခဲ့တဲ့ K-Drama ကောင်းတချို့

“The Glory” လိုမျိုး ကလဲ့စားချေတဲ့ဇာတ်အိမ်ကို အခြေပြုထားခဲ့တဲ့ K-Drama ကောင်းတချို့

ဒီရက်သတ္တပတ်ပြီးရင်တော့ ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ‘The Glory’ ရဲ့ Part 2 ကို ကြည့်ရှုသွားရတော့မှာဖြစ်တာကြောင့် မကြည့်ရှုမီ အချိန်အပိုင်းအခြားလေးမှာ Drama ချစ်သူတွေအတွက် The Glory လိုမျိုးပဲ ကလဲ့စားချေခြင်းဇာတ်ကွက်ကို အခြေပြုထားတဲ့ K-Drama ကောင်းတချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

Little Women

ဇာတ်လမ်းတွဲကို တောင်ကိုရီယားရှိ အချမ်းသာဆုံးနဲ့ သြဇာအရှိဆုံး မိသားစုကို တိုက်ခိုက်ဖျက်ဆီးဖို့ကို ဦးတည်စေခဲ့တဲ့ ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ မပြည့်စုံတဲ့ ညီအစ်မ သုံးယောက်အပေါ် အခြေခံထားပါတယ်။

The World of The Married

ခင်ပွန်းက ဇနီးသည်နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့အတွက် ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုဟာ ပြိုကွဲသွားခဲ့ရပါတယ်။ ဒီအတွက်နဲ့ ဇနီးဖြစ်သူတစ်ယောက် ဘယ်လိုလက်စားချေသွားမလဲနဲ့ Han So Hee တစ်ယောက် အငယ်အနှောင်းဇာတ်ရုပ်နဲ့ အရမ်းရေပန်းစားသွားခဲ့တဲ့ drama တစ်ခုလည်း ဖြစ်ပါတယ်။

Flower of Evil

၂၀၂၀ ထွက် မှုခင်း-သဲထိတ်ရင်ဖို drama ဟာ ပြီးပြည့်စုံတဲ့ ခင်ပွန်းလို့ လူတိုင်းကထင်ခဲ့ကြပေမဲ့ စုံထောက်တစ်ဦးဖြစ်သူ ဇနီးသည်ကို တစ်ချိန်လုံး သူ့ရဲ့အတိတ်ကို ဖုံးကွယ်ထားခဲ့တဲ့ အမျိုးသားတစ်ဦးကို ဇာတ်လမ်းဆင်ထားပါတယ်။

Vincenzo

၂၀၂၁ မှာ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ Vincenzo ကတော့ အီတလီမိသားစုမှ မွေးစားခဲ့တဲ့ အမျိုးသားတစ်ဦးဟာ နောက်ပိုင်းမှာတော့ မာဖီးယားဂိုဏ်းဝင် ရှေ့နေတစ်ဦးဖြစ်လာကာ သူ့ရဲ့ မိခင်နိုင်ငံ၊ တောင်ကိုရီးယားသို့ ပြန်ပြေးခဲ့ရသော်လည်း ပို၍ပင်ဒုက္ခကြုံတွေ့နေရပုံကို ပုံဖော်ထားခဲ့ပါတယ်။

My Name

အက်ရှင်ဇာတ်ဝင်ကြမ်းတွေနဲ့ ဒီ drama ကတော့ ဖခင်ဖြစ်သူ သေဆုံးမှုအပေါ် လက်စားချေသွားလိုတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ဇာတ်ကြောင်း ဖြစ်ပါတယ်။

Reborn Rich

သူမုန်းတီးလွန်းတဲ့ မိသားစုမှာ ပြန်လည်မွေးဖွားလာဖို့ အခွင့်အလမ်းမျိုးကို ရရှိလာခဲ့တဲ့ Yoon Hyun Woo ရဲ့ ဆယ်စုနှစ်များအကြာ ပြင်ဆင်မှုတွေဟာ သူအလိုရှိသလို ခြယ်နိုင်သွားနိုင်မလား။

Itaewon Class

နာမည်တူ webtoon ကိုအခြေခံထားတဲ့ ၂၀၂၀ ထွက် hit drama လေးဟာ သူတို့ရဲ့ အိပ်မက်များကို လက်တွေ့အဖြစ်သို့ပြောင်းလဲရန်အတွက် ကြိုးပမ်းရင်း စက်မှုလုပ်ငန်းတွင်းရှိ အင်အားအရှိဆုံးလုပ်ငန်းစုကို ဆန့်ကျင်တိုက်ခိုက်သွားမယ့် တက်သစ်စလုပ်ငန်းစုလေးရဲ့အကြောင်းပါ။

Again My Life

‘Reborn Rich’ နဲ့ဆင်တူသော concept မျိုးရှိပေမဲ့ ဒီ drama မှာတော့ ရက်ရက်စက်စက် အသတ်ခံရပြီးနောက် ကိုယ်ပိုင်ဘဝမှာ အသက်ရှင်နေထိုင်ရန်အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရရှိလာတဲ့ဇာတ်ကွက်မျိုးကို ရှုစားသွားရမှာပါ။

Military Prosecutor Dobberman

အက်ရှင်၊ ရာဇ၀တ်မှုဆိုင်ရာအပြင် လျှို့ဝှက်ဆန်းကြယ်မှုတို့ကို အချိုးကျကျ ရောနှောထားတဲ့ drama ဟာ အမျိုးသမီးတစ်ဦးရဲ့ လက်စားချေလိုသော လျှို့ဝှက်ဆန္ဒတစ်ခုကို အကျင့်ပျက်ခြစားမှုများကို ဖယ်ရှားပစ်ရန်အတွက် ဆန္ဒရှိနေတဲ့ စစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေတစ်ဦးက ပူးပေါင်းရင်း အတူလက်တွဲ လက်စားချေသွားဖို့ ကြိုးပမ်းထားပုံကို ဖော်ကျူးထားပါတယ်။

Eve

သူမရဲ့ လက်စားချေမှုအစီအစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် အမျိုးသမီးတစ်ဦးဟာ USD 1.6 ဘီလီယံတန်ဖိုးရှိ တရားဝင်တိုက်ပွဲရဲ့ ဗဟိုချက်မှာ မိမိကိုယ်ကို နေရာချထားပြီး လက်စားချေခြင်းက သူမ လိုချင်တဲ့ ကျေနပ်မှုကို ပေးမှာလား ဒါမှမဟုတ် သူမကို အဆုံးသတ်သွားစေမှာလား။

Leave a Reply

Your email address will not be published. Required fields are marked *

x