နောက်ထပ် သမိုင်းဝင်ဂင်းနစ်စံချိန်တစ်ခုကို ထပ်မံသိမ်းပိုက်သွားခဲ့ပြန်ပြီဖြစ်တဲ့ BLACKPINK

ကမ္ဘာ့အအောင်မြင်ဆုံး K-Pop အဖွဲ့ဆိုတာနဲ့အညီ BLACKPINK ဟာ ယခုနှစ်မှာ တေးဂီတသစ်တွေ မထွက်ရှိထားခဲ့ပေမဲ့လည်း ကမ္ဘာ့အခမ်းနားဆုံးသော စံချိန်မှတ်တမ်းတွေကို တစ်ခုပြီးတစ်ခု ရယူထားနိုင်ဆဲပါပဲ။

သူတို့ရဲ့ ကမ္ဘာ့အဆင့် ကြီးမားသော အကျိုးသက်ရောက်မှုကို ဆက်လက်သရုပ်ပြထားတဲ့အနေနဲ့ BLACKPINK ဟာ ဗြိတိန်မိန်းကလေးအဖွဲ့ Little Mix ရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်လိုက်ခဲ့ပြီးနောက် Spotify သမိုင်းတစ်လျှောက် ရေပန်းအစားဆုံး မိန်းကလေးအဖွဲ့အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းက အသိအမှတ်ပြုသွားခဲ့ပါတယ်။

Credit တွေအရ BLACKPINK ရဲ့ သီချင်းတွေဟာ နားထောင်မှု အကြိမ်ရေပေါင်း 8,880,030,049 ရှိခဲ့ပြီး သူတို့ရဲ့ ထိပ်တန်းသီချင်းများတွင် “How You Like That” က 746,198,263၊ “Kill This Love” က 672,084,360 နဲ့ “DDU-DU DDU-DU” က 574,613,362 တို့ဖြင့် အသီးသီးရရှိထားခဲ့ကြတာပါ။

ကမ္ဘာ့အထင်ကရ မိန်းကလေးအဖွဲ့ဖြစ်ခဲ့တဲ့ Little Mix ရဲ့ ဒဏ္ဍာရီလာ စံချိန်မျိုးတွေကို ချိုးဖျက်နိုင်ဖို့အတွက်လည်း BLACKPINK ဟာ ၇ နှစ်တာကာလအတွင်း အကောင်းဆုံး သက်သေပြခဲ့ရင်း K-Pop နဲ့ တောင်ကိုရီးယားသမိုင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင်မှတ်တမ်းမျိုးကို ရေးထိုးလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

BLACKPINK ရဲ့ နောက်ထပ် ခမ်းနားဖွယ်ရာ ဂင်းနစ်စံချိန်မှတ်တမ်းအတွက်လည်း ဂုဏ်ပြုလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

x