ငွေကြေးခက်ခဲမှုတွေရှိနေတယ်ဆိုတဲ့ Kim Sae Ron ရဲ့စကားကို အွန်လိုင်းအသုံးပြုသူပရိသတ်‌တွေမှ ယုံကြည်လက်ခံခြင်းမရှိကြ

အရက်သောက်ပြီး ကားမောင်းမှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ မင်းသမီး Kim Sae Ron ဟာဆိုရင် သူမ ကျူးလွန်ခဲ့တဲ့အမှုအတွက် ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးမှုကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တက်ရောက်ကြားနားခဲ့ပြီး အဆိုပါစစ်ဆေးကြားနာမှုမှာတော့ သူမအနေနဲ့ ဒဏ်ငွေ ဝမ် သန်း ၂၀ ကို ပေးဆောင်ရမှာဖြစ်‌ကြောင်း စီရင်ချက်ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သူမရဲ့ရှေ့နေဖြစ်သူက ‘Kim Sae Ron က သူမရဲ့အမှားကြောင့် ထိခိုက်ဆုံးရှုံးနစ်နာခဲ့ရသူတွေအတွက် လျော်ကြေးငွေတွေပေးခဲ့ရတဲ့အတွက် လက်ရှိမှာ ငွေကြေးခက်ခဲမှုတွေရှိနေကြောင်း၊ ဒါကြောင့် တရားသူကြီးတို့အနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုပါကြောင်း’ ဆိုကာ Kim Sae Ron ဘက်ကနေ အသနားခံလျှောက်ထားပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း အွန်လိုင်းအသုံးပြုသူပရိသတ်တွေကတော့ Kim Sae Ron ရဲ့ တစ်ချိန်တုန်းက ရိုက်ကူးရေးဗီဒိယိုတွေအပေါ်မှာ ခြံငုံသုံးသပ်ခဲ့ကြပြီး သူမလိုမျိုး အနုပညာရှင်တစ်ယောက်အနေနဲ့ ငွေကြေးခက်ခဲမှုတွေရှိတယ်ဆိုတဲ့စကားက လက်ခံယုံကြည်နိုင်စရာမရှိကြောင်းဆိုကာ မှတ်ချက်တွေပေးခဲ့ကြပါတယ်။

အကြောင်းအရင်းကတော့ ၂၀၂၀ ခုနှစ်တုန်းကထုတ်လွှင့်ခဲ့တဲ့ tvN ရဲ့ “On and Off” အစီအစဉ်မှာ သူမ ကိုယ်တိုင်မောင်းနှင်ခဲ့တဲ့ ကားရဲ့ တန်ဖိုးဟာ ဝမ် သန်း ၅၀ (USD 37850) ရှိပြီး သူမ နေထိုင်တဲ့ ဇိမ်ခံကွန်ဒိုတိုက်ခန်းရဲ့ တန်ဖိုးဟာဆိုရင်တော့ ဝမ် ၂.၃ ဘီလီယံ (USD 1.74 M) ရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း ပရိသတ်တွေက “သူ့ရဲ့ ကားကိုရောင်းပြီး အားလုံးကိုဖြေရှင်းလိုက်ရုံပဲဟာကို ဘာတွေတွေးပူနေတာလဲ”၊ “ဒီလောက်ကတော့ သူ့အတွက် အပျော့ပါ”၊ “အရင်တုန်းကတော့ သူ့အတွက် စိုးရိမ်ခဲ့ပေမဲ့ အခုတော့ မစိုးရိမ်တော့ဘူး”၊ “နာမည်ကြီးတွေရဲ့ ငွေကြေးအခြေအနေဆိုတာက ငါတို့စိတ်ပူရမယ့်အရာမဟုတ်ဘူး” လို့ဆိုကာ အသီးသီးဝေဖန်မှတ်ချက်တွေပြုခဲ့တာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x