Ktown4u မှာ ကြိုတင်မှာယူမှု ၂ သိန်းကျော်ကို အမြန်ဆုံးရရှိခဲ့တဲ့ Jisoo ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်

BLACKPINK အဖွဲ့ဝင် JISOO ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ်ဟာ မထွက်ခင်ကတည်းက ကြိုတင်မှာယူမှုများနဲ့တင် စံချိန်သစ်များရရှိနေပြီဖြစ်ပါတယ်။

JISOO ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဟာ Ktown4u မှာ ၂၄ နာရီအတွင်း ကြိုတင်မှာယူမှု 159,846 နဲ့ စံချိန်တင်ခဲ့ပါတယ်။ ဒီစံချိန်ဟာ သူမရဲ့အဖွဲ့ဖြစ်တဲ့ BLACKPINK အပါအဝင် NCT 127 နှင့် BTS တို့ကို ကျော်လွန်သွားခဲ့ပါတယ်။

Jisoo ရဲ့ အယ်လ်ဘမ်ဟာ ၁ ရက်နဲ့ ၁၉ နာရီအတွင်း ကြိုတင်မှာယူမှု နှစ်သိန်းကျော်နဲ့ Ktown4u သမိုင်းမှာ အမြန်ဆုံးအယ်လ်ဘမ်အဖြစ် စံချိန်သစ်ကို ဆက်လက်စိုက်ထူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Ktown4u သမိုင်းမှာ ကြိုတင်မှာယူမှု နှစ်သိန်းကျော်ကို အမြန်ဆုံးရရှိတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အယ်လ်ဘမ်အဖြစ်နဲ့လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Jisoo ရဲ့ အယ်လ်ဘမ်ဟာ KTown4U မှာ ရောင်းအားဆက်လက် မြင့်တက်နေပြီး လက်ရှိမှာ ချပ်ရေ ၂၆၀၀၀၀ အထိ ကြိုတင်မှာယူထားကြပြီး ဖြစ်ပါတယ်။

အယ်လ်ဘမ်ထွက်ရှိမယ့် မတ်လ ၃၁ ရက်နေ့မှာလည်း JISOO ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် အယ်လ်ဘမ်ဟာ တေးဂီတပလက်ဖောင်းတွေပေါ်မှာ စံချိန်ဆက်လက်တင်သွားဦးမယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုတော့ပါဘူးနော်။

Ktown4u မှာ ကြိုတင်မှာယူမှု ၂ သိန်းကျော်ကို အမြန်ဆုံးရရှိခဲ့တဲ့ Jisoo ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်

BLACKPINK အဖွဲ့ဝင် JISOO ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ်ဟာလည်း မထွက်ရှိခင်ကတည်းက ကြိုတင်မှာယူမှုများနဲ့တင် စံချိန်သစ်များရရှိနေပြီဖြစ်ပါတယ်။

JISOO ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဟာ Ktown4u မှာ ၂၄ နာရီအတွင်း ကြိုတင်မှာယူမှု 159,846 နဲ့ စံချိန်တင်ခဲ့ပြီး ဒီစံချိန်ဟာ သူမရဲ့အဖွဲ့ BLACKPINK အပါအဝင် NCT 127 နှင့် BTS တို့ကို ကျော်လွန်သွားခဲ့ပါတယ်။

Jisoo ရဲ့ အယ်လ်ဘမ်ဟာ ၁ ရက်နဲ့ ၁၉ နာရီအတွင်း ကြိုတင်မှာယူမှု နှစ်သိန်းကျော်နဲ့ Ktown4u သမိုင်းမှာ အမြန်ဆုံးအယ်လ်ဘမ်အဖြစ် စံချိန်သစ်ကို ဆက်လက်စိုက်ထူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Ktown4u သမိုင်းမှာ ကြိုတင်မှာယူမှု နှစ်သိန်းကျော်ကို အမြန်ဆုံးရရှိတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အယ်လ်ဘမ်အဖြစ်နဲ့လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Jisoo ရဲ့ အယ်လ်ဘမ်ဟာ KTown4U မှာ ရောင်းအားဆက်လက် မြင့်တက်နေပြီး လက်ရှိမှာ ချပ်ရေ ၂၆၀၀၀၀ အထိ ကြိုတင်မှာယူထားကြပြီး ဖြစ်ပါတယ်။

အယ်လ်ဘမ်ထွက်ရှိမယ့် မတ်လ ၃၁ ရက်နေ့မှာလည်း JISOO ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက် အယ်လ်ဘမ်ဟာ တေးဂီတပလက်ဖောင်းတွေပေါ်မှာ စံချိန်ဆက်လက်တင်သွားဦးမယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုတော့ပါဘူးနော်။

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x